ပရိသတ်ကြီးရေ စူပါမော်ဒယ်သန္တာလှိုင်ကတော့ 

သြဂုတ်လ ၁၂ ရက်နေ ့မှာ ကျရောက်မယ့် သူမရဲ ့အသက် ၄၀ ပြည့်မွေးနေ ့လေးမှာ ချစ်ခင်အားပေးကြတဲ့

ပရိသတ်တွေနဲ ့အတူ သစ်ပင်စိုက်ပွဲလေးပြုလုပ်သွားမှာဖြစ်တယ်

လို ့လူမှုကွန်ရက်စာမျက်နှာကနေပြောလာပါတယ်။

သားတစ်ယောက် သမီးတစ်ယောက်မိခင်ဖြစ်တဲ့ မော်ဒယ်သန္တာလှိုင်ဟာ 

မကြာခင်မှာ အသက် ၄၀ ပြည့်တော့မှာဖြစ်ပေမယ့် အခုချိန်ထိ

မိန်းကလေးချင်းတောင် အားကျရတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ ့ကျန်းမာရေးနဲ ့အလှအပအတွက် ဂရုတစိုက်နဲ ့ထိန်းသိမ်းစောင့်ရှောက်

တတ်သူ မော်ဒယ်သန္တာလှိုင်ဟာ အရင်နှစ်ကမွေးနေ ့တွေရဲ ့အမှတ်တရ 

ခံစားချက်တွေနဲ ့သြဂုတ် ၁၂ ရက်နေ ့မှာ တဖန် ကျရောက်မယ့်မွေးနေ ့အတွက်

ပြုလုပ်ဖြစ်မယ့် အစီအစဉ်လေးအကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

“မိုးရွာရင် မိုးရေချိုးမယ်

မွေးနေ့ရောက်ကာနီး ဆိုတော့ အရင်နှစ်က မွေးနေ့တွေ ပြန်စဉ်းစားပြီး ပုံလေးတွေ ပြန်ကြည့်ရင်းနဲ့ ချစ်ရတဲ့ ပရိတ်သတ်ကြီး အားလုံးနဲ့ပါ share လိုက်တာပါ

ဒီနှစ်တော့ မိသားစုလဲ စုံစုံလင်လင် ရှိမှာ မဟုတ်ဘူး ဒါပေမယ့် ကိုယ့်ကို ချစ်တဲ့လူတွေ အများကြီး ရှိတဲ့ အပြင် ကိုယ်ကောင်းတာလုပ်ရင် အားပေးပြီး

အနောက်ကနေ အဆင်သင့် ပံ့ပိုးပေးမယ် သူတွေ အများကြီး ရှိတယ်ဆိုတာ သိလိုက်ရတော့ အဲ့ဒါကတင် တန်ဖိုး မဖြတ်နိုင်တဲ့ မွေးနေ့ လက်ဆောင်ဆိုတာ

သိပါတယ်လို့။

ဒါကြောင့် အမနဲ့ အတူ သစ်ပင်စိုက်ချင်တယ်လို့ တောင်းဆိုထားသော ပရိတ်သတ်ကြီးရေ အမ အသက် ၄ဝပြည့်တဲ့နေ့ August ၁၂ ရက်နေ့ ကျရင် အပင်စိုက်ပွဲလေး လုပ်ပါမယ်လို့. နေရာနဲ့ အချိန်အပြင် ဘယ်လိုလာကြ စိုက်ကြမယ်ဆိုတဲ့ အချက်အလက်လေးတွေ သေချာ မနက်ဖြန် သိူ့ သဘက်ခါကျရင် တင်ပေးပါ

မယ်လို့နော်” လို ့ပြောခဲ့ပါတယ်။ အသက် ၄၀ ပြည့်တော့မှာဖြစ်ပေမယ့် ကိုယ်ခန္ဓာအလှအပကိုထိန်းသိမ်းထားနိုင်သူ မော်ဒယ်သန္တာလှိုင်ရဲ ့အလှပုံရိပ်တွေကို

ပရိသတ်ကြီးက အခုလိုတွေ ့မြင်နို်င်ပါတယ်။ 

သတင်းအရင်းမြစ် Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။