Rain နဲ့အတူ 'Ghost Doctor' ဆိုတဲ့ ဒရမ်မာမှာအတူမြင်တွေ့ရမယ့် Kim Bum

//s9.kh1.co/83/83e4e4b4acf59a30aad840aad3352d50b777a336.jpg
ဖျော်ဖြေရေးများ

 ၀၁-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

"F4ချစ်သူ" ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးထဲက ဆိုရီဂျောင်ဆိုတဲ့ဇာတ်ရုပ်နဲ့ မြန်မာပရိသတ်တွေရဲ့အသည်းကို အပြည့်အ၀ဖမ်းစားသွားခဲ့တဲ့ Kim Bumကတော့ လက်ရှိအချိန်ထိအောင်မြင်မှုတွေရရှိထားဆဲဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

အောက်တိုဘာမှာပြသခဲ့တဲ့ Tale of the Nine Tailedဆိုတဲ့ ဒရမ်မာမှာလည်း လီရန်ဆိုတဲ့‌မြေခွေးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့အားပေး၀န်းရံမှုကို တစ်ကျော့ပြန်လည်ရရှိခဲ့တာဖြစ်ပြီး Kim Bumရဲ့အအောင်မြင်ခဲ့ဆုံးဇာတ်လမ်းတွဲလို့တောင်ပြောလို့ရခဲ့ပါတယ်။ နောက်ထပ်လည်း Kim Bumက JTBCရဲ့"Law School" Dramaမှာလည်း Main leadအနေနဲ့ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး Rating 8.1ထိရရှိခဲ့တဲ့ ဒရမ်မာတစ်ခုဖြစ်ခဲ့ပါတယ်.....။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

အခုတစ်ခါမှာလည်း Kim Bumက "Ghost Doctor" ဆိုတဲ့ medical dramaတစ်ခုမှာ Rainနဲ့အတူ ပါ၀င်သရုပ်ဆောင်ဖို့လက်ခံခဲ့တာဖြစ်ပါတယ်။ ဒီဒရမ်မာမှာဆိုရင် Kim Bumကို ဆရာ၀န်ဇာတ်ရုပ်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီး သူတို့နဲ့အတူ မင်းသမီးချော Ueeကလည်းပါ၀င်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီဒရမ်မာကို 2021ရဲ့ဒုတိယနှစ်၀က်လောက်မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်နော်....။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T