2021 နှစ်၀က်အတွင်းလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားဒရမ်မာ (၁၀)ကား

//s9.kh1.co/ce/ced09e274fa5cb7142fc3a6a855ca75ebf623a40.jpg
ဖျော်ဖြေရေးများ

 ၀၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားဒရမ်မာတွေကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းတော့သလို တစ်ကားပြီးတစ်ကားကလည်း မရိုးရတဲ့ရသမျိုးစုံနဲ့ကြည့်ရှူသူပရိသတ်တွေကို အပြည့်အ၀ဆွဲဆောင်နိုင်တာကိုတွေ့ရပါတယ်။ အခုလက်ရှိ 2021နှစ်အတွင်းမှာထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတွေထဲကမှ ပရိသတ်အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားကောင်း (၁၀)ကားကိုပြန်လည်မျှဝေပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ်(၁)အနေနဲ့ 'True Beauty' ဆိုတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးကို Moon GaYoung, Cha EunWoo , Hwang InYoupတို့က ပါ၀င်သရုပ်ဆောင်ထားပြီး ပရိသတ်တွေအနေနဲ့ Main Leadနဲ့ Second Leadကြားမှာ အတော်လေးဗျာများခဲ့ရတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။
နံပါတ်(၂)အနေနဲ့  'Run On' ဆိုတဲ့ မနဲ့မောင်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးကို Im SiWan, Shin Sekyung, (Choi) SooYoung, Kang  TaeOhတို့ကပါ၀င်သရုပ်ဆောင်ထားတာပါ။

Photo credit-Google
Photo credit-Google

နံပါတ်(၃)အနေနဲ့ 'Royal Secret Agent' ဆိုတဲ့ ဂျိုဆွန်းခေတ်နှောင်းပိုင်း လျှို့ဝှက်နန်းတွင်းစုံထောက်အရာရှိတွေရဲ့ အကြောင်းအရာဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကို Kim MyungSoo (INFINITE's L), Kwon NaRa,  Lee YiKyungတို့က ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
နံပါတ်(၄)အနေနဲ့ 'She Would Never Know' ဆိုတဲ့ စီနီယာမမနဲ့ဂျူနီယာမောင်လေးတို့ရဲ့ office romanceကားလေးပါ။ ဒီဇာတ်ကားမှာဆိုရင် Won JinAh,SF9's RoWoon,Lee HyunWook, Lee JooBinတို့က ပါ၀င်သရုပ်ဆောင်ထားတာပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

နံပါတ်(၅)အနေနဲ့ 'Taxi Driver' ဆိုတဲ့ တရားမျှတမှုမရှိတဲ့ အသိုင်းအ၀န်းကြားမှာ လက်စားချေမှူ‌တွေနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာဆိုရင် Lee JeHoon, Esom, Kim EuiSung, Pyo YeJinတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။
နံပါတ်(၆)အနေနဲ့ 'Doom at your service' ဆိုတဲ့ Fantasy romanceဇာတ်ကားလေးပါ။ သဘာ၀လွန်တွေမှကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် အဆင်ပြေနိုင်တဲ့ကားလေးပါ။ ဒီဇာတ်လမ်းတွဲလေးမှာဆိုရင် Park BoYoung, Seo InGuk, Lee SooHyuk, Kang TaeOh, Shin DoHyunတို့ကပါ၀င်ထားပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

နံပါတ်(၇)အနေနဲ့ 'Vincenzo' ဆိုတဲ့ ကိုရီးယားကိုရောက်လာတဲ့ အီတလီမာဖီးယားတစ်ယောက်ရဲ့အကြောင်းလေးပါ။ နာမည်ကြီးမင်းသား SongSong JoongKiနဲ့အတူ Jeon YeoBeen, 2PM's Ok TaecYeon, Kim YeoJin, and Kwak DongYeonတို့ကပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
နံပါတ်(၈)နဲ့ (၉)မှာတော့ 'Youth of May'နဲ့ 'Mr.Queen' တို့ပဲဖြစ်ပါတယ်။ နှစ်ကားလုံးကတော့ မြန်မာပရိသတ်တွေရဲ့ကြားမှာ အရမ်းကိုရေပန်းစားခဲ့တာဖြစ်ပြီး ထပ်ခါထပ်ခါပြန်ကြည့်ချင်အောင်ကို ဆွဲဆောင်နိုင်တဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

နံပါတ်(၁၀)ကတော့ Song Kangနဲ့အတူ Park InHwan,Na MoonHee, Hong SeungHeeတို့အတူပါ၀င်သရုပ်ဆောင်ထားတဲ့ 'Navillera' ဆိုတဲ့
life-teaching and emotional dramaလေးပဲဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအနေနဲ့လည်း ဘယ်ဇာတ်ကားလေးတွေကြည့်ပြီးကြပြီလဲ ဘယ်ဇာတ်ကားလေးတွေက ကိုယ့်အကြိုက်နဲ့တစ်ထပ်တည်းကျလဲဆိုတာ ကောမန့်လေးတွေပေးခဲ့ကြပါဦးနော်.......။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T