ကိုရီးယား Netizenတွေရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်‌ကောင်များအဖြစ်သတ်မှတ်ခြင်းခံရတဲ့ မင်းသမီး(၃)ဦး

//s9.kh1.co/f5/f59c9a4ae3000306584a9f195e17fc3c58588e47.jpg
ဖျော်ဖြေရေးများ

 ၀၇-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားဒရမ်မာတွေက မြန်မာပရိသတ်တွေနဲ့လည်းမစိမ်းတော့သလို ကိုရီးယားမင်းသမီးအများစုကလည်း မြန်မာမိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေရဲ့အားပေးမှုတွေကို အပြည့်အ၀ရရှိထားကြတဲ့သူလေးတွေပါ။ ဒီကနေ့မှာဆိုရင်လည်း ပရိသတ်တွေချစ်ကြတဲ့ ကိုရီးယားမင်းသမီးလေးအချို့ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ တောင်ကိုရီးယား Netizenတွေရဲ့voteပေးရွေးချယ်မှုတွေအရ ဒရမ်မာထဲမှာအပီပြင်ဆုံးနဲ့ အကောင်းဆုံးကာရိုက်တာအနေနဲ့အံ၀င်ဂွင်ကျဖြစ်ကာ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ အမျိုးသမီးဇာတ်ကောင် ( ၃)ဦးကိုဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

No.1 အနေနဲ့ True Beauty ဒရမ်မာထဲမှာ Lim JuGyeong အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ Moon GaYoungပဲဖြစ်ပါတယ်။ ရုပ်ရည်ကြောင့်အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရပြီးနောက်မှာ ကျောင်းပြောင်းရွှေ့ခဲ့ပြီး မိတ်ကပ်ပြင်ဆင်မှုကြောင့် ပေါ်ပြူလာဖြစ်သွားခဲ့ရတဲ့ မိန်းကလေးတစ်ဦးအနေနဲ့သရုပ်ဆောင်ထားတာပါ။ သူမဟာ ဒီဇာတ်ကားထဲမှာဆိုရင်ပရိသတ်တွေကို မထင်မှတ်ထားတဲ့သရုပ်ဆောင်ချက်တွေနဲ့ ဟာသဇာတ်ကွက်လေးတွေကြောင့် အတော်လေးအောင်မြင်မှုရရှိခဲ့တာပါ။

Photo credit-Google
Photo credit-Google

No.2အနေနဲ့ Run On ဆိုတဲ့ဒရမ်မာထဲမှာ Oh MiJoo ဆိုတဲ့ကာရိုက်တာအနေနဲ့သရုပ်ဆောင်ခဲ့တဲ့ Shin SeKyungပါ။ သူမဟာ ဒီဒရမ်မာထဲမှာဆိုရင် အလုပ်ကြိုးစားတဲ့ ရုပ်ရှင်ဇာတ်ကားဘာသာပြန်တစ်ဦးအနေနဲ့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်အကြောင်းတွေနဲ့ အလုပ်နဲ့ပက်သက်ရင် အရမ်းဂရုစိုက်ပြီးအသည်းအသန်ဖြစ်လွန်းတဲ့ကာရိုက်တာကို ပိုင်နိုင်စွာသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

No.3အနေနဲ့ River Where the Moon Rises ဆိုတဲ့ ဒရမ်မာထဲမှာ Princess Pyeong Gangအနေနဲ့ သရုပ်ဆောင်ထားတဲ့ Kim SoHyun ပါ။ သူမက ဒီဒရမ်မာထဲမှာဆိုရင် ငယ်ရွယ်စဉ်ကသူမ၏မိခင်အသတ်ခံရမှုကိုမျက်မြင်တွေ့ခဲ့ရချိန်မှစကာ သူမ၏ရည်မှန်းချက်များအောင်မြင်ရေးအတွက်လက်စားချေရန်နှင့်တိုင်းပြည်ကိုကာကွယ်ရန်ရုန်းကန်နေရတဲ့ မင်းသမီးတစ်ပါးအနေနဲ့သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားထဲမှာဆိုရင် တိုက်ခိုက်ရတဲ့အခန်းများစွာလည်းပါ၀င်ပြီး သူမဟာ လက်ရုံးရည်ရောနှလုံးရည်ပါပြည့်၀တဲ့ နိုင်ငံ့မင်းသမီးတစ်ပါးအနေနဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T