“စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် အတိုင်း စာအုပ်များသည် လူသားတိုင်းအတွက် အဖော်အမွန်ကောင်း ဖြစ်ပါသည်။ စာပေများထဲမှ ကောင်းသည်များကို အတုယူ လိုက်နာ၍ မကောင်းသော အချက်များကို ရှောင်ကြဉ်တတ်စေရန် လိုအပ်ပါသည်။ အိမ်မှာနေသော အချိန်နှင့် တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်ရသော အချိန်တို့တွင် စာဖတ်ခြင်းသည် အကောင်းဆုံးသော အလေ့အကျင့်တစ်ခု ဖြစ်ပေသည်။ စာဖတ်ခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးများ ရနိုင်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။  

စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

(၁) မှတ်ဉာဏ်အား ကောင်းစေတယ်

(၂) အကောင်းဆုံးသော ၀ါသနာ တစ်ခုလည်း ဖြစ်ပါတယ်

(၃) ဦးနှောက်ကို နုပျို လန်းဆန်းစေတယ်

(၄) စိတ်ဖိစီးမှုတွေ လျှော့ကျစေတယ်

(၅) စကားလုံးတွေ ကြွယ်ဝ စေတယ်

(၆) ဗဟုသုတတွေ တိုးပွားစေတယ်

(၇) ကိုယ်ချင်းစာတတ်မှု မြင့်မားစေတယ်

(၈) ရည်မှန်းချက်တွေအတွက် အထောက်အကူပေးတယ်

(၉) တွေးခေါ်ဆန်းသစ်မှု တိုးတက်စေတယ်

(၁၀) လူမှုဆက်ဆံရေး တိုးတက် ကောင်းမွန်လာတယ်

(၁၁) ငွေကြေး အကုန်အကျ သက်သာစေတယ်

(၁၂) စာရေးသားမှု ကောင်းမွန် တိုးတက်စေတယ်

(၁၃) အာရုံစူးစိုက်နိုင်စွမ်း မြင့်မားစေတယ်

(၁၄) တည်ငြိမ်မှုကို ပေးစွမ်းနို်င်တယ်

စာဖတ်အလွန်များသူများအနေဖြင့် စာဖတ်သည့် အနေအထား မမှန်ကန်ပါက အနည်းငယ်မျှ ကျန်းမာရေး ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် စာဖတ်သည့်အခါတွင် အနေအထားမှန်ကန်ရန်လည်း အရေးကြီးပါသည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။