ရာသီကြိုကွန်မြူနတီဒိုင်းပြိုင်ပွဲကို တနင်္ဂနွေနေ့ ည ရး၃၀ မိနစ်မှာ ချဲလ်ဆီးအသင်းနဲ့အာဆင်နယ်အသင်း တို့ဟာ ဝင်ဘာလေကွင်းတွင် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်

ချဲလ်ဆီးအသင်းဟာ ယခုနှစ်ရာသီမှဝယ်ယူထားတဲ့ မိုရာတာ၊ရူဒီဂါတို့ကို ပွဲထုတ်ဖွယ်ရှိနေပြီး အာဆင်နယ် အသင်းကလည်း လာကာဇတ်တီ ကိုအထောင်ကစားပြီး ဆန်းချက်နဲ့ တွဲဖက်ကစားဖွယ်ရှိနေပါတယ်။ချဲလ်ဆီးအသင်းက အသစ်ဝယ်ယူထားတဲ့ ဘာကာယိုကို ကတော့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖွယ်မရှိသေးပါဘူး။အာဆင်နယ်အသင်းမှာတော့ ကိုကွီလင်၊ ကာဇိုလာ၊ ဝီရှိုင်းယား၊ တို့ဟာ ဒဏ်ရာ ပြသာနာတွေကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး

ပြီးခဲ့တဲ့ ICC ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ယခုလာမယ့် ကွန်မြူနတီဒိုင်းမှာ အာဆင်နယ် အသင်းက ချဲလ်ဆီးအသင်းကို ICC ပြိုင်ပွဲက ရှုံးပွဲအတွက် ရှုံးကြွေးပြန်ဆပ်နိုင်လေမလား၊ချဲလ်ဆီးအသင်းကပဲ အာဆင်နယ်အသင်းကို ဆက်လက် အနိုင်ယူသွားနိုင်လေမလား ဆိုတာကိုတော့ super sunday မှာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်

Source - community shield

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။