အကြပ်အတည်းတွေကြားကနေ လူဦးရေ(၁၂၀၀)စာအတွက် ဆန်များထုပ်ပိုးပြီး မျှဝေလှူဒါန်းပေးခဲ့တဲ့ စေတနာရှင် မိသားစုတစ်စုရဲ့ အလှူ

//s9.kh1.co/15/1511f8c36958067be293d641c58a18dfc1e6c74b.jpg
နေ့စဉ်သတင်းများ

 ၂၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မြန်မာပြည်သူတွေကတော့ နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရရှာပါတယ်။ ယခုလိုအခြေအနေမျိုးတွေမှာ နေ့စဥ် ရုန်းကန် ရှာဖွေစားသောက်နေရတဲ့ ပြည်သူတွေအဖို့ အခက်အခဲတွေရှိလာခဲ့ပြီး ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ တချို့မိသားစုတွေဆိုရင် ရောဂါကူးစက်ခံထားရလို့ ဆေးမကုသနိုင်တာကြောင့် အသက်သေဆုံးနေရတာတွေလည်း ရှိလာခဲ့ပါတယ်။

PhotoCredit - KP_Diary
PhotoCredit - KP_Diary
PhotoCredit - KP_Diary
PhotoCredit - KP_Diary

ဒီလိုအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း အလှူရှင်တွေက အကြပ်အတည်းတွေ ကြားကနေ စားသောက်စရာများ၊ ဆေးဝါးများနဲ့ ငွေကြေးများ တတ်နိုင်သလောက်လှူဒါန်းပေးလာကြပါတယ်။ ယခုနောက်ပိုင်းမှာတော့  ပြည်သူကပဲ အခက်အခဲတွေနဲ့ ကြုံတွေနေရတဲ့ ပြည်သူတွေကို အချင်းချင်း ကူညီထောက်ပံ့ပေးလာခဲ့တာ တွေ့လာရပါတယ်။ ယခုမှာလည်း ပြည်သူက ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ကြည်နူးစရာသတင်းလေးတစ်ခုကို ထပ်မံကြားသိရပါတယ်။

PhotoCredit - KP_Diary
PhotoCredit - KP_Diary
PhotoCredit - KP_Diary
PhotoCredit - KP_Diary

ဒါကတော့ ယနေ့ဇူလိုင်လ (၂၅)ရက်နေ့မှာ ကလေးမြို့၊ "ချိုမွှေး" သစ်သီးပွဲရုံ စေတနာရှင်မိသားစုက လိုအပ်နေကြတဲ့ သူတွေအတွက် လူဦးရေ (၁၂၀၀) စာ ဆန်များကို ထုပ်ပိုးပြီး တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တယ်လို့ ကြားသိရပါတယ်။ လိုအပ်နေတဲ့ မိသားစုတွေကလည်း ဆန်မလှူပေးခင်အချိန်လေးမှာ အများအပြားလာရောက် တန်းစီစောင့်ဆိုင်းနေကြတာကို ယခုပုံတွေမှာ တွေ့မြင်ရပါတယ်။ ကဲ..ပရိသတ်တွေလည်း ယခုလိုကာလမျိုးမှာ အခက်အခဲဖြစ်နေတဲ့ သူတွေကို တတ်နိုင်သလောက် အလှူလေးပြုလုပ်ခဲ့တဲ့ စေတနာရှင်မိသားစုလေးကို ဆုတောင်းမေတ္တာတွေပို့သပေးပါဦးနော်...။

သတင်း အရင်းအမြစ်Source -KP_Diary

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T