တစ်ခေတ်တစ်ခါက ဗီစီဒီသီချင်းခွေတွေတိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် ဂန္ဒဝင်ကို မေ့နေကြပြီလား။

ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့ မင်းသမီးချော ဂန္ဒဝင် ကို အနုပညာလှုပ်ရှားမှုတွေနဲ့အတူ မတွေ့ရတာ အတော်လေးကြာခဲ့ပါပြီနော်။

ပြင်ပဘဝလေးမှာပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂန္ဒဝင်ဟာ သြဂုတ်လ( ၅) ရက်က သာသနာပြုအဖွဲ့တစ်ဖွဲ့နဲ့အတူ စစ်ကိုင်း မင်းဝံ၊ မင်းကွန်းတောင်ရိုးရှိ သီလရှင်အပါး(၇၀၀၀)အား သီလရှင်ဝတ်စုံ လှုဒါန်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အရင်ကထက်ပိုလှပနုပျိုနေဆဲဖြစ်တဲ့ ဂန္ဒဝင် တစ်ယောက် မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့အတူ တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့ ကျက်သရေရှိနေဆဲပါပဲ။

ပရိသတ်ကြီးရေ အခုလို မွန်မြတ်တဲ့ကုသိုလ်လုပ်ခဲ့တဲ့ ဂန္ဒဝင် အတွက် ဝမ်းသာပိတိဖြစ်တယ်ဆိုရင် သာဓုခေါ်ပေးပါဦးနော်။  

သတင်းအရင်းမြစ် facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။