"ချောချောလေးမို့ချစ်တာ ရိုးရိုးလေးမို့ချစ်တာ" ဆိုတဲ့ သီချင်းလေးထဲမှာ ချစ်သက်တစ်ယောက် အသေအကြေလိုက် crush တဲ့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ကောင်လေးတစ်ယောက်ကတော့ ထိုအချိန်မှာပဲ မိန်းကလေးတိုင်းရဲ့ စိတ်ကူးမင်းသားလေးဖြစ်ခဲ့ရပါတယ်။ သူကတော့ သရုပ်ဆောင် မိုင်းမိုင် ပဲဖြစ်ပါတယ်။ 

သီချင်း MTV တွေမှာ အမြဲလိုလိုတွေ့ရပြီး ရုပ်ရှင်တွေလည်း ရိုက်ခဲ့ပြီး တစ်ခေတ်တစ်ခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ရသူပါ။ မြစ်ကြီးနားဇာတိဖြစ်ပြီး လက်ရှိ Top Model အွန်ဆိုင်းကတောင် သူမရဲ့ crush ဖြစ်ခဲ့ဖူးတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောထားပါသေးတယ်။ သို့ပေမဲ့ အနုပညာလောကကနေ ပျောက်ချင်းမလှပျောက်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတာ အချိန်အတော်တောင် ကြာလို့နေပါပြီ။ ဒါဆို မိုင်းမိုင်တစ်ယောက် ဘယ်ပျောက်သွားတာပါလိမ့်...........

မိုင်းမိုင်ကတော့ လက်ရှိမှာ အိမ်ထောင်ကျလို့ သမီးလေးတစ်ယောက်တောင် ထွန်းကားလို့နေပါပြီ။ David Mai ဆိုတဲ့ အကောင့်ကို သုံးစွဲနေပြီး ထိုအကောင့်ကနေ သူ့ရဲ့ မိသားစုဓာတ်ပုံလေးတွေ သမီးလေးနဲ့ ဓာတ်ပုံလေးတွေကို မကြာခဏတင်လေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ အပြင်စီးပွားရေးကိုသာလုပ်ကိုင်နေပြီး အနုပညာအလုပ်တွေတော့ လုပ်ကိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ် ပရိသတ်ကြီးရေ။ ကဲ ပရိသတ်ကြီးအတွက် မိုင်းမိုင်ရဲ့လက်ရှိ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်........

Photo Source: David Mai Mai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။