နာမည်ကြီး မင်းသားစိုးသူရဲ့ ဇနီး မခငယ်နဲ့ သမီးလေးတို့ကတော့ မြန်မာပြည်ကို ရောက်ရှိနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့ သူတို့ရဲ့ လူမှုရေး ပြသနာတွေကြောင့် ပရိသတ်ရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရသလို ပရိသတ်တွေက ဘာဆက်ဖြစ်လာမလည်း ဆိုတာကိုလည်း သိချင်နေကြပါတယ်။

မခငယ်ကတော့ သမီးလေးနဲ့အတူ မြန်မာပြည်ရဲ့ နေရာအချိူ့ကို ခရီးတွေထွက်နေတာ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။ မြန်မာပြည်က သူမရဲ့ ဆွေမျိုးတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မခငယ်ကတော့ သူမမလာခင်မှာပဲ "Don't go nowhere... I will see u soon...Xxx..." ဆိုပြီး တင်ထားတာတွေ့ရပါတယ်။

Single Mom တစ်ယောက်အနေနဲ့ ဘဝကို ရင်ဆိုင်နေတဲ့ သူမအတွက် ကိုယ်ချင်းစာတဲ့ ညီအမ ပရိသတ်တွေကလည်း သူမပြန်လာပြီမို့ ဝမ်းသာကြောင်း သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားကြတာတွေ့ရပါတယ် ပရိသတ်ကြီးရေ။ မခငယ်ကတော့ သူမကို ယခုလို welcome လုပ်ကြတဲ့အတွက် ဝမ်းသာပြီး ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Source: Kha Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။