သေးသွယ်လွန်းတဲ့ခါးလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားအနုပညာရှင်မင်းသမီး (၅)ဦး

//s9.kh1.co/0e/0ea307e6f12da9ec5b2bfaa17237999f6e3573e8.jpg
ဖျော်ဖြေရေးများ

 ၃၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သေးသွယ်ပြားချပ်လှတဲ့ ခါးသေးသေးလေးတွေပိုင်ဆိုင်ချင်ကြတာဟာ မိန်းကလေးတိုင်းရဲ့အိမ်မက်ပါ။ ကိုရီးယားမင်းသမီးအတော်များများဟာဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး အမြဲဂရုတစိုက်နဲ့နေလေ့ရှိကြကာ ခါးသေးသေးလေးတွေပေါ်လွင်တဲ့ အ၀တ်အစားဖက်ရှင်မျိုးကိုလည်း ‌မကြာခဏရွေးချယ်၀တ်ကြလေ့ရှိပါတယ်။ Slimmest wistပိုင်ဆိုင်ထားကြတဲ့ မင်းသမီး ၅ဦးကိုဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

No.1Seo Ye Ji

It's okay not to be okay ဆိုတဲ့ ဇာတ်လမ်းတွဲမှာမြန်မာပရိသတ်တွေရဲ့ အားပေး၀န်းရံမှု အများအပြားရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ မင်းသမီးSeo Ye Jiဟာအရပ်အမြင့် 169စင်တီမီတာ သာရှိပြီးသေးငယ်သည့် ကိုယ်ထည်ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ 43ကီလိုဂရမ်သာ အလေးချိန်ရှိတာကြောင့် မည်သည့်အဝတ်အစားနဲ့မဆို လိုက်ဖက်ညီနေတာတွေ့ရပါတယ်။

Photo credit-Google
Photo credit-Google

No.2 Han Ye Seul

မင်းသမီး Han Ye Seulကတော့ Birth of Beauty ဒရမ်မာမှာ ဖောက်ပြန်နေသော ခင်ပွန်းကို လက်စားချေရန် ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ပြီး အားပေးမှု အများအပြားရရှိခဲ့တဲ့သူပါ။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

No.3 Son Na Eun

Son Na Eunကတော့ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Apinkရဲ့ အဖွဲ့၀င်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ၁၉လက်မအရွယ် ခါးကိုပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့သူပါ။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

No.4 Kwon Mina

Kwon Minaဟာ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ AOAရဲ့အဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ခါးဟာ 17.9လက်မသာရှိတာကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့သူလေးပါ။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

No.5 Lee Da Hee

‘The Beauty Inside’နှင့် ‘Search WWW’ရဲ့ မင်းသမီး Lee Da Haeကလည်း နံပါတ် 5နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ သူမဟာအရပ်အမြင့် 176စင်တီမီတာရှိပြီး အလေးချိန်မှာ 54ကီလိုဂရမ် ရှိပါတယ်။ သူမကို ဘုရားပေးတဲ့ အလှစစ်ပိုင်ဆိုင်ထားတဲ့ သူအနေနဲ့တောင် တင်စားထားကြတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T