ဘာနဲ့မှပြန်အစားထိုးလို့မရနိုင်တဲ့ ဖခင်ဖြစ်သူကို ဩဂုတ်လ(၁)ရက်နေ့မှာ အပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းခံစားနေရတဲ့ သရုပ်ဆောင်နေမင်း

//s9.kh1.co/fb/fb4c113b5d7f75a394df2a85a49bfe0e04b1f39c.jpeg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘာနဲ့မှပြန်အစားထိုးလို့မရနိုင်တဲ့ ဖခင်ဖြစ်သူကို ဩဂုတ်လ(၁)ရက်နေ့မှာ အပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းခံစားနေရတဲ့ သရုပ်ဆောင်နေမင်း

သရုပ်ဆောင်နေမင်းကတော့ မိဘတွေကို စိတ်ချမ်းသာအောင်ထားပေးတဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။နေမင်းရဲ့မိဘတွေကလည်း ရိုးရိုးရှင်းရှင်းသာနေထိုင်တတ်ပြီး အလှူအတန်းဆိုလည်း အရမ်းရက်ရောကြတာဖြစ်ပါတယ်။သဘောကောင်း၊မနောကောင်းပြီး စိတ်ထားပြည့်ဝကြတဲ့ နေမင်းတို့မိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်။မနေ့ကဆိုရင်တော့ နေမင်းက သူ့ရဲ့ဖေဖေကို အပြီးတိုင်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc

နေမင်းရဲ့ဖခင် ဦးစန်းထွန်းက ဩဂုတ်လ (၁)ရက်နေ့ နံနက် (၁၀:၄၂)မိနစ်တွင် ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။နေမင်းရဲ့ဖခင် ကွယ်လွန်သွားတာကြောင့် ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကပါ ဝမ်းနည်းနေကြရတာဖြစ်ပါတယ်။နေမင်းကတော့ ဘယ်လိုအရာနဲ့မှ ပြန်လည်အစားထိုးလို့မရနိုင်တော့တဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတာကြောင့် ရင်ထဲမှာ ခံစားနာကျင်နေမှာပဲဖြစ်ပါတယ်။

Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc

ဖခင်ဖြစ်သူက အိုဟောင်းပြီးနာနေတဲ့ခန္ဓာကိုယ်ကြီးကို စွန့်လွှတ်ပြီး အပြစ်အနာအဆာကင်းတဲ့ ခန္ဓာအသစ်ဆီကိုရောက်သွားခဲ့ပြီလို့ နေမင်းက ဖြေသိမ့်နေတာဖြစ်ပါတယ်။ဒီလိုကာလမှာ နေမင်းတို့မိသားစုထဲမှာလည်း ဝမ်းနည်းနာကျင်စရာ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ပြည်သူတွေက နေမင်းတို့မိသားစုအတွက် များစွာစိတ်မကောင်းဖြစ်ရတာကြောင့် ကွယ်လွန်သူလည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc
Photo Credit: Nay Min’s Fb acc

Source&Photo Credit: Nay Min’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T