ထမင်းမစားရတဲ့ နေ့တွေရှိပေမယ့် တော်လှန်ရေးအတွက် ကြိုးစားပမ်းစား ပြင်ဆင်နေကြတဲ့ PDF ရဲဘော်လေးများ

//s9.kh1.co/c6/c6637fecc07df6fc5cf3100fa084fa7fe119d825.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မတည်ငြိမ်နိုင်သေးတဲ့ ခုလက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တွေ အများစုကတော့ သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ပြီး လွတ်မြောက် နယ်မြေတွေထဲ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ စစ်ပညာသင်ကြားလျက်ရှိပါတယ် ။ တစ်ချို့ တောင်တန်း ဒေသက PDF တွေဆိုရင် ကိုယ့်ဒေသနဲ့ လူမျိုးအတွက် အာဏာရှင် လူတစ်စုကို ပြန်လည် ခုခံတိုက်ခိုက်လျက် ရှိနေပါပြီ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလိုတိုက်ခိုက်ကြရာမှာလည်း လက်နက်အင်အားချင်း မမျှတတာတွေကြောင့် ဆုံးရှုံးမှုတွေ ဖမ်းဆီးခံရသူတွေလည်းများစွာ ရှိနေခဲ့ပါတယ် ။ ဒါကြောင့်လည်း သူတို့လေးတွေအတွက် အလှူငွေတွေ များစွာလိုအပ်နေတာကြောင့် ပြည်သူတွေက တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ တောထဲမှာလည်း ခုနောက်ပိုင်းဆို သူတို့အနေနဲ့ အခက်အခဲတွေ များစွာကြုံတွေ့နေရတဲ့ သတင်းတွေ မကြာခဏကြားရပေမယ့် သူတို့တွေကတော့ ခုထိ လက်မလျော့ဘဲ  တိုက်ပွဲတွေအတွက် ဆက်လက်ပြင်ဆင်နေကြတာကို တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

စစ်ပညာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတာကြောင့် ထမင်းတောင် တစ်ရက်ကို တစ်နပ်လောက်ပဲစားရတဲ့ နေ့တွေရှိကြောင်း ဒါပေမယ့်လည်း သူတို့အနေနဲ့ စစ်ဖြစ်လို့ ဘာမှမစားရရင် ခံနိုင်ရည်ရှိအောင်လို့ ကြိုလေ့ကျင့်ထားတယ်လို့ပဲ မှတ်ယူကာ အနစ်နာခံ ပေးဆပ် နေတာတွေကို သိရတာ စိတ်မကောင်းဖြစ်မိသလို လေးစားမိတာ အမှန်ပါပဲ ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ပြည်သူတစ်ဦးက သူရဲ့ ခံစားချက်လေးကို " ကိုယ့်ဟာကိုယ်ရှက်မိတဲ့ အချိန်ပါပဲ စစ်ဖြစ်လို့ ဘာမှမစားရရင် ခံနိုင်ရည်ရှိအောင်လို့ ကြိုလေ့ကျင့်ထားတဲ့ သဘောပဲတဲ့ ကျွန်တော်လည်းအရှေ့မှာ မဟုတ်တာနေရာတွေမှာဝင်ပါခဲ့ပြီးပြီ အခုတော့ သိသွားခဲ့လို့စောက်​ရေးမပါတာတွေမလုပ်တော့ဘူး တတ်နိုင်တဲ့ဘက်ကနေ ဝင်ကူညီဖို့က ခေါင်မိုးယိုတာကို ဖာပေးဖို့ပဲရှိမယ် အခုဟာက တလတခါ ၅၀၀၀ လောက်ကောက်တာတောင် မလှုချင်တော့တဲ့လူတွေရှိတယ် (လှုတန်းနိုင်တဲ့လူတွေ) Oxygen ဆိုတာ ဟိုဘက်အသိုင်းဝန်းကလူတွေတောင် လှုနေကြတဲ့အရာပါ  PDF တွေဘယ်လောက်ကူကယ်ရာမဲ့နေလဲဆိုရင် အချို့ဆို ငတ်ပြတ်နေတဲ့အထိပါပဲ ငါတို့ရဲဘော်တွေ ဒုက္ခမရောက်ဖို့ကငါတို့တာဝန်တွေပါ " ဆိုပြီးရေးသားဖော်ပြထားပါတယ် ။ ပရိသတ်ကြီးအတွက် လွတ်မြောက်နယ်မြေက PDF တွေရဲ့ လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T