ကိုဗစ်နဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းကို မနက်စောစောထပြီး ကိုယ်တိုင်ဆေးဖြန်းကာ သုသာန်သို့ပို့ဆောင်ပေးနေတဲ့ ဆရာတော်အဝေရာဟောန္တု

//s9.kh1.co/8c/8c7046ab8448b59084577ef6e45124138c67b6f2.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်နဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းကို မနက်စောစောထပြီး ကိုယ်တိုင်ဆေးဖြန်းကာ သုသာန်သို့ပို့ဆောင်ပေးနေတဲ့ ဆရာတော်အဝေရာဟောန္တု

ကိုဗစ်တတိယလှိုင်းကြောင့် အသက်သေဆုံးလျက်ရှိနေတဲ့ ပြည်သူတွေလည်းရှိသလို ရောဂါကူးစက်ခံထားရတဲ့ ပြည်သူတွေလည်းရှိနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေချိန် သံဃာတော်တွေဟာလည်း PPEဝတ်စုံတွေဝတ်ဆင်ပြီး ပရဟိတအလုပ်တွေကိုဝင်ရောက်လုပ်ကိုင်ကာ အခက်အခဲဖြစ်နေကြတဲ့ လူတွေကို ကူညီပေးနေကြပါတယ်။ ပရဟိတဆရာတော်လို့ လူသိများတဲ့ ဒညင်းကုန်းရွာကျောင်းထိုင်ဆရာတော်အဝေရာဟောန္တုဟာလည်း ကိုဗစ်လူနာတွေကို ကိုယ်တိုင်ကူညီပြီး လှူဒါန်းမှုတွေပြုလုပ်ပေးနေသူဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဆရာတော်အဝေရာဟောန္တုဟာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားတဲ့လူနာတွေကို မြေကျတဲ့အထိ ကူညီပေးနေသလို စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေနဲ့ Qဝင်နေတဲ့ ပြည်သူတွေကိုလည်း လှူဒါန်းမှုတွေပြုလုပ်ပေးနေပါတယ်။ ယနေ့သြဂုတ်လ(၃)ရက်နေ့ မနက်မှာတော့ ပရဟိတဆရာတော်အဝေရာဟောန္တုဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး အသက်သေဆုံးသွားတဲ့ ပြည်သူတစ်ဦးရဲ့ dead bodyကို ကိုယ်တိုင်ဆေးဖြန်းပြီး သုသာန်သို့ ပို့ဆောင်ပေးနေခဲ့ပါတယ်။ အဆိုပါဘုန်းဘုန်းကတော့ မနက်စောစောထပြီး အခုလိုပရဟိတအလုပ်တွေကိုမမောနိုင်မပန်းနိုင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေကတော့ ပရဟိတအလုပ်တွေကို နေ့စဥ်ရက်ဆက်လုပ်ဆောင်နေတဲ့ အဆိုပါဆရာတော်ကို ကျန်းမာရေးဂရုစိုက်ကြဖို့ ရေးသားပြောဆိုနေကြပါတယ်။ ပရဟိတဆရာတော်အဝေရာဟောန္တုကတော့ " အများပြည်သူ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ချိန်မှာကိုယ်တွေက PPE ချွတ်ပြီးသွားပြီ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားတဲ့ ပြည်သူတစ်ဦးရဲ့ရုပ်အလောင်းကို သုသာန်သို့ပို့ဆောင်ပေးနေတဲ့ ပရဟိတဆရာတော်အဝေရာဟောန္တုရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T