လူတစ်ယောက်သည် တစ်နေ့လျှင် ၆ နာရီမျှ အိပ်စက်သင့်ပါသည်။ တစ်နေ ့ကို ငါးနာရီ သို့မဟုတ် ငါးနာရီထက်နည်းသော အိပ်စက်ခြင်းမျိုး ဖြစ်ခဲ့ပါက ထိုသူသည် ကျောက်ကပ်ဆိုင်ရာပျက်စီးမှု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်းထိ မြင့်တက်နေပြီဖြစ်လို ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အသိပေး ပြောကြားလေ့ ရှိပါတယ်။

ကျောက်ကပ်သည်လည်း အိပ်စက်ချိန်လုံလုံလောက်လောက်ရဖို ့အရေးကြီးပါတယ်။ တစ်ညကို ငါးနာရီလောက်သာ အိပ်စက်တတ်သူတွေဟာ ၇ နာရီ ၈ နာရီ အိပ်စက်တတ်သူတွေနဲ ့ယှဉ်ရင် ကျောက်ကပ် လုပ်ဆောင်မှုအပိုင်းမှာ သိသာမြန်ဆန်တဲ့ကျဆင်းမှုမျိုး ရှိပါတယ်။

ယနေ့ခေတ်မှာ တော်တော်များများ ရင်ဆိုင်ကြုံတွေ့ရသော စိတ်ဖိစီးမှုများ၊ အလုပ်ချိန်ကြာမြင့်မှုများနှင့် ကွန်ပြူတာ၊ဖုန်း အသုံးများမှုတွှေကြောင့် အိပ်ချိန်နည်းပါး ကြပါသည်။

အိပ်ချိန်လုံလောက်မှုမရှိခြင်းသည် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုး ရောဂါ တို့ကို ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်နဲ ့တစ်ယောက် ဖွဲ့စည်းပုံ၊ ကိုယ်ခံအား မတူညီကြပေမယ့် အများစုအတွက်တော့ ခန္ဓာကိုယ် ပုံမှန်ကောင်းကောင်း လည်ပတ်နိုင်ရန် အတွက် ၈ နာရီနီးပါး နှစ်ခြိုက်စွာ အိပ်စက်ပေးဖို ့လိုပါတယ်။ 

ကျောက်ကပ်ရဲ့အဓိကတာဝန်များက သွေးတွင်းပါဝင်လာတဲ့ အပိုဓာတ်ပစ္စည်းတွေကို စစ်ထုတ်ယူကာ ဆီးအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ ဒီ့အပြင် ကျောက်ကပ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို၊ နှလုံးနဲ ့ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို ့အတွက်လည်း ကူညီပေးပါတယ်။ အရိုးတွေကို သန်စွမ်းအောင် ကူညီပေးရသလို သွေးနီဥဆဲလ်တွေထုတ်လုပ်ပေးဖို ့အတွက်လည်း လှုံ့ဆော်ပေးရတာဖြစ်ပါတယ်။

အိပ်ချိန်နည်းပါးခြင်းဟာ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး အထက်ပါ တာဝန်တွေကို ကျောက်ကပ်က ရေရှည်တာဝန်ယူနိုင်ဖို ့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ အိပ်ချိန် နည်းပါးမှုနှင့် ကျောက်ကပ်ထိခိုက်မှုတို့က ဆက်စပ်နေတယ်လို ့ဆိုပါတယ်။

အအိပ်နည်းခြင်းကြောင့် ဆံပင်ကျွတ်ခြင်း၊ လက်သည်းများ ထိခိုက်ခြင်း၊ အသားအရေ ပျက်စီးခြင်းတို့ကိုလည်း ဖြစ်စေ စေပါတယ်။

ထို့ပြင် အအိပ်နည်းခြင်းဖြင့် ဦးနှောက် မှတ်ဉာဏ်အားကိုလည်း ထိခိုက်စေနိုင်တဲ့ အပြင် လန်းဆန်းတက်ကြွမှု မရှိခြင်း၊ မောပန်းနွမ်းနည်းခြင်းများကိုလည်း ခံစားရနိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဘယ်လောက် အလုပ်များများ၊ စိတ်ဖိစီးမှု ဘယ်လောက်ရှိရှိ ကောင်းမွန်စွာ နှစ်ခြိုက် အနားယူဖို့ တိုက်တွန်းချင်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။