ဖခင်ဖြစ်သူရဲ့လက်ကလေးကို နောက်ဆုံးထွက်သက်ချိန်အထိ ဆို့နင့်ကြေကွဲစွာ ဆုပ်ကိုင်ထားတဲ့ မေတ္တာမြင့်မြတ်ဟိန်း

//s9.kh1.co/b4/b4ac8b03da02e52facd7f27171e701b4e893a3f4.jpeg
အနုပညာရှင်များ

 ၀၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နေ့စဉ်နဲ့အမျှ အနုပညာရှင်တွေ ကြွေလွင့်သွားခဲ့ကြတာဟာ အတော်လေးကို စိတ်မကောင်းစရာကောင်းလွန်းလှပါတယ်။ မနေ့က နေ့လည် (၁၂) နာရီအချိန်တွင် ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ဟာသလူရွှင်တော် ဦးမေတ္တာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဦးမေတ္တာ ကွယ်လွန်သွားတဲ့အတွက် အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း ပြောမပြတတ်အောင် ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။ 

Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဦးမေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းရဲ့ လူမှုကွန်ယက်တွင်ဖခင်နဲ့ ပတ်သက်ပြီး သူခံစားနေရတာတွေကို ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဒီတစ်ခေါက်သွားတဲ့ခရီးဟာ ကြာမှန်းသိပေမယ့်လည်း အရင်လို ပွဲတွေ ပြန်ကခွင့်ရတဲ့အခါ စင်ပေါ်မှာ မျှော်နေမယ့်အကြောင်းရေးသားထားတာပါ။ သားအဖနှစ်ယောက် စင်ပေါ်မှာ ဖျော်ဖြေဖို့ ပြောထားတာကို အမြဲတမ်း သတိရနေမယ့်အကြောင်းကိုလည်း ဝမ်းနည်းစွာ ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 

ပရိသတ်တွေကလည်း ဖခင်ဖြစ်သူရဲ့လက်ကလေးကို နောက်ဆုံးထွက်သက်ချိန်အထိ ဆို့နင့်ကြေကွဲစွာ ဆုပ်ကိုင်ထားတဲ့ မေတ္တာမြင့်မြတ်ဟိန်းရဲ့ပုံလေးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဦးမေတ္တာကို မနေ့က ညနေမှာပဲ သုသာန်တွင် ချက်ချင်း မီးသဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ အနုပညာရှင်တစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းရပြီး ဦးမေတ္တာတစ်ယောက် အေးချမ်းတဲ့ ဘုံဘဝမှာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Myittar Myint Myat Hein’ as Facebook Account 

Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Photo Crd-Myittar Myint Myat Hein’ as Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T