ပြီးခဲ့တဲ့လပိုင်းကလောက်ကအခြေအနေတွေနဲ့မတူတော့တဲ့ ရေဝေးသုဿန်ရဲ့ လက်ရှိအနေအထားကို ပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/4e/4efa90e3b0526ac281de9c338ef6bab0710cbaf9.png
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့လပိုင်းလောက်က Covid တတိယလှိုင်းမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေ တော်တော်များများပျက်ဆီးဆုံးရှုံးသွားခဲ့ရပါတယ်။ သေကွဲကွဲခဲ့ရတဲ့မိသားစုတွေရဲ့နာကျင်မှုဟာ ယနေ့ထက်တိုင် မျက်ရည်မတိတ်နိုင်ရှိနေကြဆဲပါပဲ။ သုဿန်တွေမှာလည်း မြင်မကောင်းလောက်အောင် အလောင်းတွေပုံထပ်နေခဲ့ပြီး သုဿန်ရဲ့လမ်းမပေါ်မှာလည်း သဂြိုလ်ဖို့ စောင့်နေကြတဲ့ အလောင်းတွေ မနည်းမနောပါပဲ။ ဒီလိုမြင်ကွင်းမျိုး အဖြစ်အပျက်မျိုးတွေကို ဘယ်သူမှ ထပ်ပြီးမကြုံတွေ့ မခံစားချင်ကြတော့ပါဘူး။

Photo Credit - ဘိုစိန်'s FB Acc
Photo Credit - ဘိုစိန်'s FB Acc

ပရဟိတသမားတွေလည်းအတော်လေးကိုပင်ပန်းနေကြပြီဖြစ်ပြီး နေ့စဉ်နဲ့အမျှ သုဿန်ကို ပို့နေကြရတဲ့အလောင်းတွေကြောင့် စိတ်ရောလူပါပင်ပန်းနေကြပါတယ်။ သို့ပေမယ့်လည်း ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်သူတွေပီပီ ခံစားချက်တွေမြိုသိပ်ပြီး ကူညီနေတာတွေကို မရပ်တန့်ခဲ့ကြပါဘူး။ ဒီလိုအခြေအနေဆိုးတွေကနေ လက်ရှိမှာတော့ အနည်းငယ်လျော့ပါးသွားခဲ့ပြီး ရေဝေးသုဿန်မှာ လူရှင်းလင်းနေတဲ့ မြင်ကွင်းတစ်ချို့ကို ပရဟိတအကျိုးတော်ဆောင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - ဘိုစိန်'s FB Acc
Photo Credit - ဘိုစိန်'s FB Acc

ရှင်းလင်းနေတဲ့ ပုံရိပ်တွေကို " ယနေ့ ရေဝေးသုသာန် ရှင်းလို့ လင်းလို့ တစ်နေ့တစ်ခေါက်တော့ ရောက်လိုက်ရမှလေ အခုမနက်ပိုင်းတင် သုံးကြောင်းကူညီပေးပြီး အသင်းစကတည်းက ဈေးဦးပေါက်လမ်းကြောင်းကလည်း ရန်ကုန်ကနေ မြစ်ကြီးနား မသာသယ်ခဲ့ရတော့ အခုလိုသယ်နေတာတော့ မဆန်းတော့ပါဘူးလေ " ဆိုပြီး ဝေမျှလာခဲ့တာပါ။ လက်ရှိမှာ ရောဂါကူးစက်နှုန်းကလည်း များပြားနေတာကြောင့် စာဖတ်သူတွေအနေနဲ့လည်း ကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit - ဘိုစိန်'s FB Acc
Photo Credit - ဘိုစိန်'s FB Acc

သတင်း အရင်းအမြစ်ဘိုစိန်'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T