မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် များစွာ အကျိုးပေးသော ဗီတာမင်အေ နှင့် ဗီတာမင်စီများ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ဘီတာကယ်ရိုတင်း ပါဝင်တဲ့ အပြင် ပိုတက်ဆီယမ် ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထို့ကြောင့် မုန်လာဥနီကို ကျန်းမာရေးအတွက် အထောက်အပ့ံပေးသော ဖြည့်စွက်အစာ အဖြစ် စားသုံးနိုင်ပါတယ်။ 

မုန်လာဥနီကို ကြော်စားတာပဲ ဖြစ်ဖြစ်၊ အစိမ်းလိုက် သုပ်စားတာပဲ ဖြစ်ဖြစ်၊ တခြားသော စားစရာများနှင့် ရောကြော်တာဖြစ်ဖြစ်၊ ဖျော်ရည်သောက်တာ ဖြစ်ဖြစ် ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ စားသုံးလေ့ ရှိကြပါတယ်။ အမှန်တော့ မုန်လာဥနီကို ရေစင်အောင်ဆေး၍ အစိမ်းလိုက် စားသုံးခြင်း၊ ဖျော်ရည်သောက်သုံးခြင်းသည် ခန္ဓာကိုယ်အတွက် လွန်စွာ ထိရောက်သော ကောင်းကျိုးများစွာကို လွယ်ကူစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

မုန်လာဥနီကို လူတိုင်းနီးပါ မကြိုက်တတ်ကြပါ။ အချို့ဆိုရင် မုန်လာဥနီကို ဟင်းထဲမှာ ထည့်ချက်ရင်တောင် ဖယ်စားတဲ့ သူတွေရှိပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး အကြိုက်ချင်း မတူတာမို့ မုန်လာဥနီ ကြိုက်သူများကိုတော့ မုန်လာဥနီ ဖျော်ရည်ကို မကြာခဏ ဖျော်သောက်ရန် တိုက်တွန်းချင်ပါတယ်။

မုန်လာဥနီကို စားသုံခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) အသည်း အားကောင်းစေခြင်း

(၂) မျက်လုံးအားကောင်းစေခြင်း (အမြင်အာရုံကောင်းစေခြင်း)

(၃) ကိုယ်အလေးချိန် ကျဆင်းစေတာကြောင့် ၀ိတ်ချရာတွင် အသုံးပြုနိုင်ခြင်း

(၄) အသားအရေ လှပ စိုပြေစေခြင်း

(၅) ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

(၆) ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေခြင်း

(၇) ခန္ဓာကိုယ်အတွက် လိုအပ်သော အင်အားများ ရရှိစေခြင်း … စသည်တို့ ဖြစ်ကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။