ဒေါသထွက်နေတဲ့အချိန်မှာတောင် ဆွဲဆောင်မှုရှိတဲ့ idolတွေအဖြစ်သတ်မှတ်ခြင်းခံရတဲ့ တောင်ကိုရီးယားအနုပညာရှင် ၅ဦး

//s9.kh1.co/35/356e2deda3d20effd5f0f781fdaacc446b14af63.jpg
ဖျော်ဖြေရေးများ

 ၀၄-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

K Pop Idolအတော်များများဟာ stageပေါ်မှာတော့ ပရိသတ်တွေကျေနပ်အားရစေနိုင်တဲ့ performanceအမျိုးမျိုးနဲ့ ဖျော်ဖြေလေ့ရှိကြပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ idolတွေကို ဖျော်ဖြေမှုအနေနဲ့တင်မဟုတ်ပဲ လက်တွေ့ဆန်တဲ့ ခံစားချက်အမျိုးမျိုးနဲ့ တွေ့မြင်လိုကြတာကြောင့် variety showတွေ reality showတွေနဲ့ behind the scenesတွေကို စိတ်၀င်တစားကြည့်ကြလေ့ရှိကြပါတယ်။ အာ့ထဲမှာမှ ဒေါသထွက်နေတဲ့အချိန်မှာတောင် Hotဖြစ်လွန်းတယ်လို့ ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံရတဲ့ အမျိုးသားအနုပညာရှင် ၅ဦးကို ဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

No.1 BTS RM

BTS ရဲ့ RM ကသူ့ရဲ့အတွင်းပါးကိုလျှာထိုးတဲ့ထူးခြားတဲ့အလေ့အထရှိပါတယ်။ ပရိသတ်တွေက သူတစ်ခုခုကိုဆုပ်ကိုင်ထားတဲ့အခါ ဒါမှမဟုတ်တကယ်ကို တစ်ခုခုကိုခက်ခက်ခဲခဲအာရုံစိုက်တဲ့အခါမှာဒါမျိုးလုပ်လေ့ရှိတယ်ဆိုတာကိုသတိထားမိကြပါတယ်။ တစ်ခါတစ်ရံမှာ ဖျော်ဖြေမှုလုပ်နေချိန်အတွင်းမှာကို လုပ်နေလေ့ရှိတယ်လို့သိရပါတယ်။ RMအခုလိုပြုမူတိုင်း ကြည့်ကောင်းနေတာတော့ ငြင်းလို့မရပါဘူးလို့ ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။

Photo credit-Google
Photo credit-Google

No.2 Jackson

Jacksonဟာ powerfulဖြစ်တဲ့ Idolတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ဆန္ဒကိုအမြဲထုတ်ဖော်ပြောကြားဖို့ ၀န်မလေးတဲ့သူတစ်ယောက်ပါ။ သူဟာ ကင်မရာတွေရှေ့ပဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားအစီအစဉ်တွေမှာပဲဖြစ်ဖြစ် သူ့ပွင့်လင်းစွာ ‌‌ေပြာတတ်တဲ့ အနုပညာရှင်တစ်ဦးပါ။အခုလိုအပြုသဘောဆောင်တဲ့ ဒေါသဟာလူမှုဘ၀ ပြောင်းလဲမှုအတွက် အရေးကြီးသောတွန်းအားတစ်ခုဖြစ်ရုံသာမက အရမ်း Hotဖြစ်လွန်းတယ်လို့ ပရိသတ်တွေကမှတ်ချက်ပေးကြပါတယ်။

Photo credit-Google
Photo credit-Google

No.3 EXO's Kai

Kai သည်အနုပညာလောကတွင်အချိုမြိန်ဆုံး K-pop idol များထဲမှတစ်ဦးဖြစ်ပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပရိတ်သတ်များ၊ သူ၏အဖွဲ့ဝင်များနှင့်အခြားအနုပညာရှင်များကနှစ်သက်ကြပါတယ်။ ဒါပေမယ့်သူဒေါသထွက်တဲ့အခါနဲ့ sasaeng ပရိတ်သတ်တွေကိုဆန့်ကျင်ပြီးသူသရုပ်ဆောင်တဲ့အချိန်တွေမှာ သူကအရမ်း Hotဖြစ်တယ်လို့ သိရပါတယ်။

Photo credit-Google
Photo credit-Google

No.4 2PM's Taecyeon

Taecyeon ဒီစာရင်းထဲမှာပါ၀င်လာတဲ့ အကြောင်းရင်းကတော့ သူဟာ 'Vicenzo' ဒရမ်မာမှာ psychopathic Jang Joon Woo အနေနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်လွန်းတာကြောင့်ပဲဖြစ်ပါတယ်။ Taecyeon ရဲ့ဒေါသတွေဆူပွက်နေတဲ့စက္ကန့်တိုင်းကပရိသတ်တွေရဲ့နှလုံးသားတွေကိုပေါက်ကွဲစေတဲ့အခိုက်အတန့်တစ်ခုပါ။

Photo credit-Google
Photo credit-Google

No.5 Winner's Mino

Minoရဲ့ သီချင်းဗီဒီယိုတွေမှာအထူးသဖြင့်သူ့ရဲ့တစ်ကိုယ်တော်ခွေတွေမှာ ပါ၀င်တဲ့ဇာတ်ကောင်တွေနဲ့ သရုပ်ဆောင်ချက်တွေဟာ လေးနက်တဲ့အမူအရာတွေအပြည့်ရှိပြီး ပရိသတ်တွေကလည်း သူ့ကို Hotဖြစ်တဲ့ idolအနေနဲ့သတ်မှတ်ထားကြတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T