သြဂုတ်လ ၆ ရက်နေ့ တွင် ရန်ကုန်မြို့ ဓမ္မစေတီလမ်း နှင့် ပြည်လမ်းထောင့် တိုက်ကားရုံအနီး ပြည်သူ့ဥယျာဉ်တွင် ကြက်ငှတ်တုပ်ကွေး H5N1ရောဂါကင်းစင်ကြောင်း ကြက်ဥ ၊ကြက်သားစား ပွဲတော်ကျင်းပခဲ့သည်။ကြက်ငှတ်တုပ်ကွေးရောဂါ ကာကွယ်ရေးကော်မတီအနေဖြင့် မူ ၂၁ရက် အတွင်း ရောဂါဖြစ်ပွားခဲ့သည့် မရမ်းကုန်းမြို့နယ်တွင် ဆိုင်တချို့ကို မူ ဇူလိုင် ၂၉မှစတင်ကာမွေးမြူကြက်နှင့် ကြက်သား၊ကြက်ဥ ရောင်းချခွင့်ယာယီ ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှ ပြောသည်။

"မရမ်‌းကုန်‌းမြို့နယ်‌အတွင်‌းဆိုတာက ‌ရောဂါဖြစ်‌ပွားတဲ့ အမှတ်‌ ၆ရပ်‌ကွက်‌နားက ကြက်‌သား‌ရောင်‌းတဲ့ ‌‌စျေးဆိုင်‌အ‌သေး‌တွေကို ခေတ္တပိတ်‌ထားတာပါ။ပြီး‌တော့ ဝန်‌ကြီးချုပ်‌လမ်‌းညွှန်‌မှုနဲ့ ကားဂိတ်‌‌တွေ၊‌စျေးဆိုင်‌‌တွေ မှာ အသိအမှတ်‌ပြုလက်‌မှတ်‌ပါမှ ‌ရောင်‌းချခွင်‌့ပြုတာပါ။"ဟု ၎င်းက‌ပြောသည်‌။မရမ်‌းကုန်‌းမြို့နယ်‌အမှတ်‌၆ရပ်‌ကွက်‌အနီးရှိ ရပ်‌ကွက်‌တွင်‌း‌စျေးများမှ ပိတ်ထားရသောဆိုင်များကြက်‌သား၊ကြက်‌‌ဥ‌ ပြန်လည်ရောင်းချခွင့်နှင့်ပတ်သက်၍မူ ရန်‌ကုန်‌တိုင်‌း‌ဒေသကြီး ‌မွေးမြူနှင်‌့ကုသ‌ရေးဦးစီးဌာနမှ သြဂုတ်‌ရရက်‌‌နေ့တွင်‌ ကွင်‌းဆင်‌းစစ်‌‌ဆေးမည်‌ဖြစ်‌ကြောင်းသိရသည်‌။

သတင်းအရင်းမြစ် Popular News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။