မသေထမင်းမသေဟင်းကိုသာမှီဝဲနေရတဲ့ တောထဲက PDF တွေရဲ့ ကြမ်းတမ်းလွန်းတဲ့ဘဝကို အသေအချာဖော်ပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e9/e9f847098020515e037defe228dbe8970138404d.png
နေ့စဉ်သတင်းများ

 ၀၄-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လူငယ်ဘဝမှာပျော်စရာတွေအများကြီးရှာဖွေလို့ရပါရက်နဲ့ မတရားမှုကိုငုံ့မခံချင်တဲ့စိတ်တစ်ခုတည်းနဲ့ အရာအားလုံးကိုစွန့်လွှတ်ပြီး ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုရွေးချယ်ခဲ့တဲ့ PDF လူငယ်တွေဟာ တကယ်ကိုလေးစားထိုက်သူတွေပါ။ သူတို့က ဘဝတွေကိုရင်းပြီးစွန့်လွှတ်အနစ်နာခံထားတာမို့ ပြည်သူတွေကလည်း သူတို့စိတ်ဓာတ်ခွန်အားမကျသွားအောင် တတ်နိုင်သမျှ လူအားရော စိတ်ခွန်အားရောပေးသင့်ပါတယ်။ တိုက်ပွဲတစ်ခုကိုအောင်နိုင်တယ်ဆိုတာ စစ်ရေးစစ်ရာကျွမ်းကျင်ဖို့ လိုအပ်သလို စိတ်ဓာတ်ခွန်အားကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။ အဖက်ဖက်ကပြည့်စုံနေရင် ပြည်သူတွေလိုချင်တဲ့ ပြည်သူ့အောင်ပွဲဟာ မဝေးတော့ပါဘူး။

Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc
Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc

ဒီလိုအခြေအနေတွေဖြစ်ဖို့ဆိုတာလည်း ပြည်သူတွေရဲ့အားဟာ အများကြီးလိုအပ်ပါတယ်။ တစ်တိုင်းပြည်လုံးဒုက္ခပင်လယ်ဝေနေတဲ့အခြေအနေတွေကနေ လွတ်မြောက်ဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် တွဲလက်ညီညီနဲ့ စည်းလုံးနေဖို့လိုအပ်ပါတယ်။ တောထဲက PDF လူငယ်လေးတွေဟာ မိသားစုတွေနဲ့ခွဲခွာပြီး ဒုက္ခတွေခါးစည်းခံနေရသလို အာဟာရလည်းပြည့်ပြည့်ဝဝ မရရှိရင် ရေရှည်တောင့်ခံဖို့ အဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့်ပြည်သူတွေဟာ PDF လူငယ်လေးတွေကို အများကြီးထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc
Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc
Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc
Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc

PDF တွေအတွက်အလှူခံပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တစ်ယောက်ဟာ " CDM သမားတွေ ဘက်ကိုမလှည့်နိုင်တော့တာတွက်တောင်းပန်ပါတယ် PDF ကလေးတွေဟာ တောထဲတောင်ထဲမှာ မိဝေးဖဝေးနဲ့ငတ်နေတာကပိုဆိုးပါတယ် တောင်းပန်ပါတယ် PDF တွေပဲလှူပေးပါခုချိန်မှာ PDF တွက် Admin တို့ထပ်လက်ခံပေးပါမယ် နိင်သလောက်ပဲလှူပါ 50/100 မှ တတ်နိုင်သလောက်လှူပေးလို့ရပါတယ် ဖြေးဖြေးချင်းရသလောက်ချင်းပဲလှူသွားမှာမို့ မထည့်နိုင်သေးရင်စိတ်မကောင်းမဖြစ်ပါနဲ့နော် 09424205607 / Wave 09253612533 / K pay ကိုလည်းလွှဲလို့ရပါတယ်ရှင် " ဆိုပြီး သူတို့စားရတဲ့ တစ်နပ်စာအာဟာရပုံရိပ်လေးတွေနဲ့ အလှူခံပေးလာခဲ့ပါတယ်။ စာဖတ်သူတို့လည်း တတ်နိုင်သလောက် နည်းများမဆိုပါဝင်လှူဒါန်းပေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc
Photo Credit - ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc

သတင်း အရင်းအမြစ်ɢ-ᴅʀᴀɢᴏɴ ɪs ʙᴇʏᴏɴᴅ ᴄᴏᴍᴘᴀʀᴇ's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T