ပင်ပန်းကြမ်းတမ်းမှုတွေကို အခုချိန်ထိသည်းခံနေခဲ့တဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကို ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

//s9.kh1.co/98/98a341419d9b1714aa59acb4e4a1ae1d6e18d941.png
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်အပြီး (၆) လ ကျော်ကြာမြင့်လာတဲ့အထိ PDF လူငယ်တွေဟာ ပျော်စရာတွေ မိသားစုရဲ့နွေးထွေးမှုတွေကိုစွန့်လွှတ်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အနစ်နာခံပေးဆပ်နေကြဆဲပါ။ မိဘအိမ်မှာနေရသလို အေးချမ်းမှုတွေလုံးဝမရှိဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့အခြေအနေတွေနဲ့ ဖြစ်သလိုစားနေရတဲ့အာဟာရတွေနဲ့ အသက်ဆက်နေကြပြီး အာဏာရှင်ကိုတော်လှန်ဖို့ ကြိုးစားနေကြသူတွေပါ။ ဘယ်လိုပဲပင်ပန်းခက်ခဲနေကြပါစေ ပြည်သူလူထုကသာ သူတို့ဖက်မှာ မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုရင် ဒီအရေးတော်ပုံကြီး အောင်မြင်ပြီးဆုံးတဲ့အထိ တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါသေးတယ်။

Photo Credit - Kaung Myat Thu's FB Acc
Photo Credit - Kaung Myat Thu's FB Acc

ဒီလိုခံစားချက်တွေကို " ခြင်ကိုက်လည်း အိပ်ရတာပဲ။? မိုးရွာလည်း အိပ်ရတာပဲ။? ချုံကြား အပင်ကြားလည်း အိပ်ရတာပဲ။? နေမကောင်းလည်း ချွဲနွဲ့တိုးဝင်စရာ မိဘရင်ခွင်အနားမရှိ အစားဆင်းရဲ၊အနေဆင်းရဲတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး။❤️ ပြည်သူအားလုံး စကစ လက်အောက်က လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ အသက်တွေရင်းထားတယ်။ ပြည်သူတွေက ကျွန်တော်တို့အနောက်က ကျွန်တော်တို့နဲ့ တစိတ်တဝမ်းထဲ ရပ်တည်ပေးပါ။ ပြည်သူ့အားပေးသံက ကျွန်တော်တို့အတွက်အင်အားပါ။ အရေးတော်ပုံအောင်မြင်ဖို့ ကိုယ်တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကြိုးစားကြပါစို့။ အရေးတော်ပုံ အောင်ရမည်။ ??? " ဆိုပြီး PDF လူငယ်လေးတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။

Photo Credit - Kaung Myat Thu's FB Acc
Photo Credit - Kaung Myat Thu's FB Acc
Photo Credit - Kaung Myat Thu's FB Acc
Photo Credit - Kaung Myat Thu's FB Acc

လူငယ်တွေဟာသူတို့ရဲ့အသက်ကိုတောင်ပဓာဏမထားတော့ဘဲစွန့်လွှတ်နေကြတဲ့အချိန်မှာ ပြည်သူလူထုကြီးအနေနဲ့လည်း ဒီလိုလူငယ်တွေအတွက် စိတ်ခွန်အားရော ငွေအားရော အများကြီးထောက်ပံ့ပေးသင့်ပါတယ်။ တိုက်ပွဲတစ်ခုအောင်မြင်ဖို့ဆိုတာ စည်းလုံးညီညွတ်မှုက အခြေခံပါပဲ။ ပြည်သူတစ်ရပ်လုံးကသာ PDF လူငယ်တွေကိုထောက်ပံ့ပေးပြီး ခက်ခဲတဲ့ အခြေအနေတွေကြုံလာတိုင်း တတ်စွမ်းသ၍ကာကွယ်ပေးမယ်ဆိုရင် ဒီအရေးတော်ပုံကြီးအောင်မြင်ဖို့ နေ့ရက်တွေဟာ လုံးဝမဝေးနိုင်တော့ပါဘူး။

Photo Credit - Kaung Myat Thu's FB Acc
Photo Credit - Kaung Myat Thu's FB Acc

သတင်း အရင်းအမြစ်Kaung Myat Thu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T