လူတိုင်းရင်းနှီးတဲ့အောင်မဲညိုပန်းလေးတွေနဲ့ ကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့ ယတြာတစ်ခုလုပ်လို့ရမယ်ဆိုရင် အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ စိုးပြည့်သဇင်ဟာ အောင်မဲညိုပန်းတွေနဲ့ပတ်သက်ပြီး ဆေးဝိဇ္ဇာကြီးတစ်ဦးမိန့်ကြားခဲ့တဲ့ ကျန်းမာရေးအတွက်ယတြာကို အားလုံးသိအောင် ပြန်လည်ဝေမျှပေးလာခဲ့ပါတယ်။ လုပ်နည်းလေးဟာ ရိုးရှင်းလွန်းတာမို့ လူတိုင်းအလွယ်တကူ လိုက်လုပ်နိုင်ပါတယ်။ အောင်မဲညိုပန်းတွေရဲ့တကယ့်နာမည်ဟာ " အပရာဇိတပန်း " ဖြစ်ပါတယ်။
ဆေးဝိဇ္ဇာဆရာကြီးရဲ့ရိုးရှင်းလွယ်ကူတဲ့ယတြာလေးကို " တစ်နေ့သ၌ ကျွန်ုပ်သည် ဗုဒ္ဓေါသိဒ္ဓိဟူသော ပုတီးစိပ်ကိုတစ်နေ့လျှင် ၁၈ပါတ် တိတိ (၄၉) ရက် စိပ်မည်ဟု စိတ်အကြံပေါက်၍ ပုတီးအဓိဌာန် ၉ရက်မြောက်သောနေ့ အာရုံတက်အချိန်တွင် ထူးခြားသော အိပ်မက်တခုကို မြင်မက်လေသည် ထိုအိပ်မက်တွင် အပေါ်ဖြူအောက်ဖြူပိတ်ဖြူဝတ်ဆင်ထားသော အဘိုးကြီတစ်ဦးသည် ကျွန်ုပ်အား " ဒီမယ် မြေးလေး အဘကမြေးကို မေတ္တာနဲ့ ပြောစရာရှိတယ်ကွဲ့ အဘကဆေးဝိဇ္ဇာကြီးပါကွဲ့ မြေးလေးကို အရေးတကြီးပြောစရာရှိသကွဲ့ "ဟု ဆိုလေကာ သူ၏လက်ထဲမှ ကိုင်ဆောင်ထားသော လွန်စွာချစ်စရာကောင်းသည့် ပန်းလေးတပွင့်ကိုပြလေသည် စာရေးသူလည်း "ဟုတ်ကဲ့ သိတယ်အဘ " ဟုဆိုလေသော် " အေးအေး မြေးလေး ဒီပန်းလေးကို အောင်မဲညိုလို့တော့ လူသိများကြပါတယ်ကွဲ့ " သူ့နာမည်နောက်တစ်မျိုးကတော့ အပရာဇိတပန်း လို့ခေါ်ပါတယ် ဒါကို လူတွေတော်တော်များများ သိကြမယ် မထင်ပါဘူးကွဲ့ အဲ့ဒီ့ အပရာဇိတပန်းကို မိမိအိမ်ကဘုရားမှာ ဘုရားပန်းအဖြစ် ပန်းကန်သန်သန့်လေးနဲ့ (၁၁) ပွင့် ကပ်လှူပါ အဲ့ဒီ့ပန်းလေးတွေ ခြောက်သွားရင် ရိုသေစွာပြန်စွန့်ကွဲ့ ပြီးတော့ အဲ့ဒီ့ပန်းခြောက်လေးတွေကို (သင့်တော်သလို) ရေနွေးဖြူထဲထည့် သက်တော်ထင်ရှားဘုရားရှင်ကို ရည်စူးပြီး ရေနွေးအဖြစ်ကပ်လှူပါ။ ပြီးရင်တော့ မြောက်အရပ်ကို မျက်နှာမူ လိုသောဆုကိုတောင်းပြီး အဲ့ဒီ့ရေနွေးကို သောက်ခဲ့ရင် ထူးခြားစွာ ကျန်းမာရေးကောင်းစေပြီး ကောင်းတဲ့ဆုတောင်းတွေ ပြည့်ဝစေပါတယ်ကွဲ့ " ဟု မိန့်ကြားလေသည် တခုသတိပြုရမှာကတော့ ကိုယ့်အတွက်မဟုတ်ဘဲ တပါးသူအတွက်ဆုတောင်းပြီးသောက်မယ်ဆိုရင် ဆုတောင်းနေချိန်မှာအိမ်အပြင်ကိုထွက်ပြီး (ဖိနပ်မစီးရ) မြေကြီးပေါ်မှာ မတ်တပ်ရပ်ပြီး ဆုတောင်းရမယ်မြေလေးရေ " ဟု ဆိုကာ စာရေးသူအားကျန်းမာစေ ချမ်းသာစေ ကောင်းသောဆုများ ပြည့်ဝစေ "ဟူ၍ ဆုမွန်များပေးကာ ဖျတ်ခနဲ့ပျောက်ကွယ်သွား ပေတော့သည် " ဆိုပြီး ရေးသားခဲ့တဲ့စာကို စိုးပြည့်က ပြန်လည်ဝေမျှပေးလာခဲ့ပါတယ်။
ဒီနောက်မှာတော့ စိုးပြည့်က " အောင်မဲညိုပန်းတွေပွင့်တိုင်း ဘုရား ကပ်လှူခဲ့ပေမယ့် သည်ပန်းကပ်ပြီး သီးသန့်ဆုတောင်းလို့ရတယ် ဆိုတာမသိခဲ့ဘူး။ သူများရေးထားတာလေးမျှဝေပါတယ်။ ဒီပိုစ့်လေးဖတ်မိပြီး ကိုယ့်အိမ်မှာ စိုက်ပျိုးထားတဲ့အောင်မဲညိုပန်းလေးတွေကို ကပ်လှုူပူဇော်မိပါတယ်ဘုရား….??? အားလုံးလည်းကပ်လှုူပူဇော်နိုင်ရန် ဝေမျှလိုက်ပါတယိရှင်….ကျန်းမာကြပါစေ??? " ဆိုပြီး ထပ်မံပြောပြလာခဲ့ပါတယ်။ စာဖတ်သူတို့လည်း ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။
သတင်း အရင်းအမြစ်៖ Soe Pyae Thazin's FB Acc