ကမ္ဘာကျော်ရာဇ၀တ်သားများရဲ့ နောက်ဆုံး ဆန္ဒအဖြစ် စားသုံးခဲ့ကြတဲ့ အစားအစာများ

//s9.kh1.co/c5/c5feb81df11c4fb20ff76af6bd8643ffc85fc4cb.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

"Last Meal" ဆိုတာဟာ သေဒဏ်အမိန့်ချခံထားရတဲ့ ရာဇဝတ်သားများရရှိတဲ့ သူ့ဘဝရဲ့ နောက်ဆုံးအခွင့်အရေး တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းနီးပါးမှာ သေမိန့်ကျထားတဲ့ အကျဉ်းသားတစ်ဦးဟာ သေဒဏ်မစီရင်မီ တစ်ရက် အလိုမှာ သူ့ရဲ့ ဆန္ဒအတိုင်း နောက်ဆုံးညစာနှင့် ဘာသာရေး ကျင့်ဝတ်တစ်ခုကို တောင်းဆိုခွင့်ရှိပါတယ်။ အဲ့လိုတောင်းဆိုမှုတွေထဲကမှ ကမ္ဘာကျော် သေမိန့်ကျ ရာဇဝတ်သားများရဲ့ နောက်ဆုံးတောင်းဆိုခဲ့တဲ့ အရာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=314,q=100/e4/e4a471205e5821886b531a8f0831042ca5fb417d.jpg

၁၉၆၂ ခုနှစ်က ဒုတိယကမ္ဘာစစ် ရာဇဝတ်သား ဂျာမနီလူမျိုး အဒေါ့အိုက်ခမန်း(Adolf Eichmann) ကို အစ္စရေး နိုင်ငံမှည ကြိုးမိန့်ပေးခဲ့ရာ နောက်ဆုံးအစာကို ငြင်းပယ်ခဲ့ပြီး အစ္စရေး ဝိုင်အရက်ကိုသာ တစ်ဝက်နီးပါး သောက်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=441,q=100/e8/e8f05a8df486889fa0c70842850da8c8a24bced1.jpg

၁၉၃၁ ခုနှစ်က ဂျာမနီနိုင်ငံမှာ ခေါင်းဖြတ်စက်ဖြင့် သေဒဏ်ချမှတ်ခံရသူ (Peter Kurten) ဟာ "သွေးစုတ်ဖုတ်ကောင်"လို့လည်း နာမည်ကြီးခဲ့သူဟာ အာလူးကျော်နှင့် ဝိုင်ဖြူ တစ်ပုလင်းကို တောင်းခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=457,q=100/67/67571b33b167c202526d95e0a223789ecdbbc51f.jpg

စင်္ကာပူက လူသတ်တရားခံ "John Martin Scripps" ဟာ ၂၀၀၆ ခုနှစ်က ကြိုးစင် မတက်မီ ပီဇာတစ်ခုနှင့် ချောကလက်ပူပူ တစ်ခွက်တို့ကို စားသောက်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=357,q=100/b6/b6c4052629e8a699d492569378e68b00742a51ef.jpg

အမေရိကန်နိုင်ငံ အောကလာဟိုမားတွင် အကြမ်းဖက် ဗုံးခွဲမှုကြောင့် သေဒဏ်ကျခဲ့သော "Timothy Mc Veigh" ဟာ ၂၀၀၁ ခုနှစ်က ဆေးထိုး စီရင်ခဲ့ရာတွင် ချောကလက် ရေခဲမုန့် ၂ ခုကိုသာ စားသွားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T