ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အိမ်တိုင်ရာရောက်ကူညီလုပ်ဆောင်ပေးနေကြတဲ့ လူငယ်ဟာသလူရွှင်တော်များအဖွဲ့

//s9.kh1.co/5e/5eadd49c0bbd6fa43b62f85043cbccb148ff1e83.jpg
အနုပညာရှင်များ

 ၀၅-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မြန်မာပြည်သူတွေဟာ အာဏာရှင် ဖိနှိပ်မှုဒဏ်တွေကို ခံစားနေရတဲ့ ကြားကနေ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကိုလည်း ဒုက္ခမျိုးစုံဖြင့် အလူးအလဲခံစားနေရတာကို တွေ့ရပါတယ်။ ကိုဗစ်ကို ကုသဖို့အတွက်ဆေးမရှိတာကြောင့် ကိုယ်ခံအားအောင်ကြိုးစားနေကြရပြီး အာဟာရဓာတ်ပြည့်ပြည့်၀၀စားသောက်နေကြဖို့အရေးကြီးလှပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ကိုဗစ်ကူးစက်မှုတွေဟာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အလံဖြူ၊အလံဝါထောင်ကာ အကူအညီတောင်းခံနေကြတဲ့အိမ်တွေလည်း ရှိနေပြီး စား၀တ်နေရေးကြပ်တည်းတာကြောင့် မစားမသောက်နိုင်ဖြစ်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။ အခုလိုအခက်အခဲတွေကို ကူညီဖို့အတွက် လူငယ်ဟာသလူရွှင်တော်လေးစုပေါင်းပြီး တတ်နိုင်သရွေ့အလှူလေးတွေပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လူရွှင်တော် ပလာတာတို့ဦးဆောင်တဲ့ ပြည်သူအပေါင်းလူရွှင်တော်ပရဟိတအသင်းက နာမကျန်းဖြစ်တဲ့ အိမ်တွေနဲ့ အလံဝါအလံဖြူ ထောင်ထားတဲ့ အိမ်တွေကို အစားအသောက်တွေ ဆေးဝါးတွေလိုက်လံပို့ဆောင်ပေးနေပြီး အောက်ဆီဂျင်ကူညီမှုတွေအပြင် Dead bodyသယ်ယူမှုတွေအထိ လိုက်လံကူညီပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T