တောင်ကိုရီးယား industryမှာ ရုပ်ရည်ချောမောမှုဟာ အတော်လေးကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အနုပညာရှင်အတော်များများကလည်း ချောမောကြတဲ့ မျက်နှာလေးတွေကိုပိုင်ဆိုင်ထားကြပြီး ပလတ်စတစ်ဆာဂျရီပြုလုပ်ကာ ပြုပြင်ကြတဲ့သူတွေလည်း အများအပြားရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ ပြုပြင်စရာမလိုပဲ နဂိုအတိုင်းချောမောကြတဲ့ မင်းသမီး ၅ဦးကို ဖော်ပြပေးချင်ပါတယ်။
No.1 Song Hye Kyo
အွန်စောလို့လူသိများကြတဲ့ Song Hye Kyoကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား နာမည်ကျော်မင်းသမီးတစ်ဦးပါ။ သူမဟာ Worldwideအထိ ထိုးဖောက်နိုင်တဲ့ ကိုရီးယားမင်းသမီးချောတစ်ယောက်ဖြစ်ပြီး သဘာ၀ဆန်တဲ့ချစ်စရာမျက်နှာလေးအပြင် ကြည်လင်၀င်းပတဲ့ အသားအရည်လေးကိုပါ ပိုင်ဆိုင်ထားတဲ့သူလေးပါ။
No.2 Yoona
Girls' Generationအဖွဲ့၀င် တစ်ဦးဖြစ်တဲ့ Yoonaဟာလည်း သူမရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ အသံလေးကြောင့် လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ Idolတစ်ယောက်အနေနဲ့သာမက မင်းသမီးတစ်ယောက်အနေနဲ့ပါ အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
No.3 IU
IU ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး solo artist တစ်ယောက်လည်းဖြစ်သလို မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ IUရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် Idolအချင်းချင်းကကို crushအနေနဲ့ သတ်မှတ်ခံရတဲ့သူလေးပါ။
No. 4 Suzy
MissA အဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်တဲ့ Suzyဟာလည်း သူမရဲ့သဘာ၀ဆန်တဲ့အလှတရားကြောင့် အတော်လေး နာမည်ကြီးတဲ့သူတစ်ဦးပါ။ သူမဟာ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပေမယ့် အခုအခါမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။
No.5 Jeon Yeo-been
After My Deathဆိုတဲ့ ဒရမ်မာနဲ့အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီး Jeon Yeo-been ကလည်း ပြုပြင်ထားခြင်းမရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားသူပါ။ သူမဟာ Vicenzo ဒရမ်မာမှာလည်း မင်းသားချော Song Jong Kiနဲ့အတူ အတွဲညီညီနဲ့သရုပ်ဆောင်ထားပြီး အောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Google