သြဂုတ်လ ၇ ရက်နေ့ဟာ ပရိတ်သတ်တို့ရဲ့ အချစ်တော် သဘာဝမင်းသား ကိုမြင့်မြတ်ရဲ့မွေးနေ့ပါ ။

မွေးနေ့မှာ မိတ်ဆွေသူငယ်ချင်းတွေက ည ၁၂ နာရီထိုးမှာ မြင့်မြတ်အိမ်ကိုသွားပြီး Surprise Birthday Party လေးလုပ်ပေးခဲ့ပါတယ် ။

မွေးနေ့ရှင် မြင့်မြတ်ကတော့ ချစ်ဇနီးလေးနဲ့အတူ ကိတ်မုန့်ခွဲပြီး ပျော်ရွှင်နေတာကိုတွေ့ရပါတယ် ။

မြင့်မြတ်ရဲ့ သူငယ်ချင်း အဆိုတော် ယုန်လေးက မြင့်မြတ်ကို ၁၂ နာရီမှာ Surprise သွားလုပ်မယ့်အကြောင်း ကြိုတင်ပြီး Facebook က ပရိတ်သတ်ကိုပြောကြားထားပေမယ့် facebook Viber မသုံးတဲ့ မြင့်မြတ်ကတော့ မသိဘူးလို့ဆိုပါတယ် ။ Happy Birthday ပါ ကိုမြင့်မြတ်ရေ ... Myanmarload ဝိုင်းတော်သားတွေကလည်း ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ် ..

ချစ်ဇနီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝလေးမှာ သက်ဆုံးတိုင်နေထိုင်နိုင်ပါစေ ... မြင့်မြတ်ကိုချစ်တဲ့ ပရိတ်သတ်ကြီးတို့လည်း ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြပါဦးနော် ...  

သတင်းအရင်းမြစ် myanmar famous star and yone lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။