ဆံပင်အတိုနဲ့လည်း ထင်မှတ်မထားအောင်လိုက်ဖက်ညီလွန်းကြတဲ့ K popစတား (၅)ဦး

//s9.kh1.co/2c/2c2bb39b9595f88066fdcd3b39b3560021f58b9b.jpg
ဖျော်ဖြေရေးများ

 ၀၇-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

K pop idolအတော်များများဟာ သူတို့ရဲ့ album ပရိုမိုးရှင်းဆင်းခါနီးတိုင်း albumနဲ့ ကိုက်ညီတဲ့ conceptဖြစ်အောင် သူတို့ရဲ့ဆံပင်ပုံစံကို မကြာခဏပြောင်းလေ့ရှိကြပါတယ်။ တစ်ချို့ idolအဖွဲ့၀င်တွေဟာ ဆံပင်အတိုနဲ့လိုက်ဖက်လွန်းလို့ သူတို့ကိုဆံပင်ရှည်နဲ့တွဲပြီးမမြင်လိုကြတဲ့ ပရိသတ်တွေပါရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ ဆံပင်တိုနဲ့လိုက်ဖက်ညီလွန်းတဲ့ Idol တွေအဖြစ်သတ်မှတ်ခြင်းခံရတဲ့ ၅ဦးကိုဖော်ပြပေးချင်ပါတယ်။

No.1 ITZY's Ryujin

JYP Entertainmentလက်အောက်မှာရှိတဲ့ ITZY girls groupရဲ့ အဖွဲ့၀င်ဖြစ်တဲ့ Ryujinဟာလည်း ဆံပင်တိုနဲ့လိုက်ဖက်ညီလွန်းတဲ့ idolတစ်ယောက်ပါ။ သူမဟာ ITZYရဲ့ main rapperတစ်ယောက်ဖြစ်ပြီး Lead dancerတစ်ဦးလည်း ဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.2 Girl's Day Hyeri

Girls' Day အဖွဲ့ရဲ့ အဖွဲ့၀င်ဖြစ်တဲ့ Hyeriကလည်း ချန်ထားလို့မရတဲ့ ဆံပင်တိုနဲ့လိုက်ဖက်သူတစ်ဦးပါ။ သူမဟာ လတ်တလောမှာဆိုရင်လည်း "My roommate is Gumiho" ဆိုတဲ့ ဒရမ်မာနဲ့ အောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.3 G Friend's Eunha

နံပါတ်သုံးအနေနဲ့ ဖော်ပြပေးချင်တာကတော့ G Friendအဖွဲ့ရဲ့ Lead vocalistတစ်ဦးဖြစ်တဲ့ Eunhaပါ။ သူမဟာ အသက် ၂၄နှစ်ရှိပြီဖြစ်ပြီး ချစ်စရာကလေးရုပ်လေးကိုပိုင်ဆိုင်ထားတဲ့သူလေးပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.4 IZ*ONE's Kim Chae Won

“ Chaewon” ဟုလည်းလူသိများသော Kim Chae Won”က IZ*ONE အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ သူမက Woollim Entertainment လက်အောက်မှသင်တန်းသားတစ်ဦး ဖြစ်ပြီး Produce 48 တွင်ပြိုင်ပွဲဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့ပြီးအဆင့် ၁၀ ထိ၀င်ခဲ့တဲ့သူဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.5 Oh My Girl's Binnie

Binnieဟာ Oh My Girlအဖွဲ့ရဲ့ sub-vocalistတစ်ဦးဖြစ်ပြီး ၂၀၀၇တွင်ပွဲဦးထွက်ခဲ့တဲ့ အဖွဲ့ဝင် ၃ ဦး ပါ၀င်သောလူငယ်မိန်းကလေးအဖွဲ့၀င်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T