ပြီးခဲ့တဲ့ ရက်ပိုင်းကဘောလုံးရပ်ဝန်းကို လှုပ်ခါသွားစေခဲ့တဲ့ သတင်းဆိုးကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အကြောင်းကတော့ စပိန်ရဲ့နာမည်ကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့ လီယိုနယ်မက်ဆီကို စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ကြောင်း ကြေညာခဲ့ပြီး အာဂျင်တီးနားသားကို အသင်းကထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်က သူငယ်စဥ်တည်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ဆက်လက်ကစားချင်လို့ လစာ(50)%အထိ လျော့ယူခဲ့ပေမယ့် လာလီဂါရဲ့စည်းမျည်းအသစ်ကြောင့် ဘာစီလိုနာအသင်းက စာချုပ်ဆက်မချုပ်ဘဲ ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။
(၁၃)နှစ်အရွယ်တည်းက ဘာစီလိုနာအသင်းမှာ ကစားခဲ့ပြီး ဘာလွန်းဒီအောဆု(၆)ကြိမ်အထိ ရရှိခဲ့တဲ့ အသက်(၃၄)နှစ်အရွယ်လီယိုနယ်မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲကို သြဂုတ်လ(၈)ရက်နေ့ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါနှုတ်ဆက်ပွဲမှာ ဘောလုံးမှော်ဆရာလို့တင်စားကြတဲ့ မက်ဆီကိုယ်တိုင် မမျှော်လင့်ဘဲ အသင်းကအခုလိုထွက်ခွာရလို့ ဟန်မဆောင်နိုင်ဘဲ အချိန်အတော်ကြာငိုကြွေးနေခဲ့ပါတယ်။ မျက်ရည်တွေကျပြီး ငိုကြေးနေတဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်ကြီးကို ဘာစီလိုနာအသင်းသားတွေက နွေးထွေးစွာပွေ့ဖက်၍ အားပေးနှစ်သိမ့်ခဲ့ကြကာ နောက်ဆုံးအကြိမ်နှုတ်ဆက်ခဲ့ကြပါတယ်။
လီယိုတစ်ယောက်ကတော့ နှုတ်ဆက်ပွဲမှာ အကြိမ်ကြိမ်ငိုကြွေးခဲ့ပေမယ့် ဘာစီလိုနာရဲ့နူးကမ့်ကွင်းကြီးကနေ ပြန်ထွက်အလာမှာတော့ စောင့်နေကြတဲ့ ဘာစီလိုနာပရိသတ်တွေကိုတလေးတစားနဲ့ဆက်ဆံပြီး ပြုံးပြခဲ့သလို အမှတ်တရလက်မှတ်တွေလည်း ထိုးပေးခဲ့ပါတယ်။ ဘာစီလိုနာလို့ပြောလိုက်တာနဲ့ မက်ဆီ၊မက်ဆီလို့ဆိုလိုက်တာနဲ့ ဘာစီလိုနာကိုပြေးမြင်တဲ့အထိ တစ်သားတည်းရှိခဲ့ပေမယ့် (၂၀၂၁)ခုနှစ်ကြီးမှာတော့ မက်ဆီတစ်ယောက် သူချစ်တဲ့ နူးကမ့်ကွင်းကြီးနဲ့ သူချစ်တဲ့ပရိသတ်တွေကို နှုတ်ဆက်ထွက်ခွာသွားရပြီဖြစ်ပါတယ်။ PSGအသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီထားတဲ့ လီယိုတစ်ယောက် သူချစ်တဲ့ဘာစီလိုနာပရိသတ်တွေကို ဝမ်းနည်းနေတဲ့ကြားက အမှတ်တရလက်မှတ်တွေရေးထိုးပေးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder