ဟောင်းနေပေမယ့် ဘယ်တော့မှမရိုးသွားတဲ့ ကိုရီးယားဒရမ်မာဇာတ်ကားကောင်း(၅)ကား

//s9.kh1.co/0d/0dd8601247c8ecafde3587e149eb9eccd823b3ef.jpg
ဖျော်ဖြေရေးများ

 ၁၀-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

K Dramaတွေဟာ အပတ်တိုင်းမရိုးရတဲ့ဇာတ်လမ်းသစ်တွေနဲ့အတူ အမြဲမပြတ်ပရိသတ်တွေနဲ့ ထိစပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ တောက်လျှောက်ထွက်ရှိလာနေတဲ့ ဒရမ်မာအသစ်တွေအကုန်လုံးကို အမီလိုက်ကြည့်ဖို့ရန်ကို အင်မတန်ခက်ခဲလှပါတယ်။ အခုလို အသစ်တွေ ထွက်ရှိနေပေမယ့်လည်း ဘယ်ချိန်ကြည့်ကြည့် မရိုးသွားနိုင်တဲ့ ဇာတ်ကားအဟောင်း (၅)ကားကို မိတ်ဆက်ပေးချင်ပါတယ်။

1. "You're Beautiful"

မြန်မာပရိသတ်တွေအနေနဲ့ အိန်ဂျယ်ချစ်သူလို့လူသိများတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ယောကျာ်းလေးယောင်ဆောင်ထားတဲ့ ဂိုမီနမ်နဲ့ ဟန်ထယ်ကျွမ်းတို့ရဲ့ စိတ်လှုပ်ရှားစရာအချစ်ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေရင်ထဲစွဲကျန်နေခဲ့တဲ့ ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

2. "Boys Over Flowers"

F4ချစ်သူလို့ လူသိများခဲ့တဲ့ ဒီဒရမ်မာကားလေးကတော့ ပရိသတ်တွေနဲ့ တကူးတကမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ ဂင်ဂျန်ဒီနဲ့ ဂူဂျွန်ဖြိုးတို့ရဲ့ စိတ်လှုပ်ရှားစရာ၊ပျော်စရာ၊ ၀မ်းနည်းစရာ ရသမျိုးစုံကိုပေးနိုင်တဲ့အချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

3. "Coffee Prince"

ကော်ဖီချစ်သူ လို့ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဒီဒရမ်မာလေးဟာလည်း ပရိသတ်တွေရင်ထဲစွဲကျန်နေတဲ့ ကားကောင်းလေးတစ်ကားပါ။ မြန်မာပရိသတ်တွေအနေနဲ့ Gong Yooကို စတင်သိခဲ့ကြတဲ့ ဇာတ်ကားလေးလို့ ဆိုရရင်လည်းမှားမယ်မထင်ပါဘူး။

Photo credit-Google
Photo credit-Google

4. "Full House"

ချစ်စံအိမ်လို့ လူသိများခဲ့တဲ့ဒီဇာတ်ကားလေးကတော့ အချစ်ဇာတ်မြူးကားလေးဖြစ်ပြီး မင်းသားချော Rainနဲ့ Song Hye Kyoတို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ‌ဒရမ်မာလေးပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

5. "Winter Sonata"

ဒီဒရမ်မာလေးကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားလည်းဖြစ်သလို တော်တော်လေးကြာနေပြီဖြစ်တဲ့ ဇာတ်ကားကောင်းလေးပါ။ ခန့်မှန်းလို့မရနိုင်တဲ့ မြှပ်ကွက်တွေအပြင် အံ့ဩဖွယ်ကောင်းတဲ့ ခံစားချက်မျိုးစုံကိုပေးနိုင်တဲ့ အချစ်ဒရမ်မာကားလေးပါ။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T