"အိချောပိုကို ဒီဇာတ်လမ်းက နည်းနည်းကြမ်းတယ် ရိုက်ရဲလားလို့ ဒါရိုက်တာဦးစတီးလ် ကပြောပါတယ်။ဒီဇာတ်ကိုဖတ်ကြည့်လိုက်ချိန်မှာ ကိုယ်တစ်ခါမှမရိုက်ဖူးတဲ့ ကာရိုက်တာမို့ ရိုက်မယ်လို့ လက်ခံဖြစ်လိုက်တာပါ။ဒီကာရိုက်တာက မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ထားပေမဲ့ သိပ်အနုအရွလေးလည်းမဟုတ်ဘူး။တချို့အခန်းတွေဆိုရင် ဘုနဲ့ဘောက်ပြောရတာတွေလည်းပါတယ်။ဇာတ်ကားထဲမှာ ငယ်ငယ်ကတည်းက ကိုယ့်အသက်သခင် ကျေးဇူးရှင်လိုဖြစ်နေတဲ့ ကောင်လေးအပေါ်သံယောဇဉ်တွယ်ပြီးချစ်သွားခဲ့တယ်။ဒီကောင်လေးရဲ့စကားတစ်ခွန်းပဲဒီကောင်လေးပြောသမျှလက်ခံတယ်။မိဘတွေ၊အဒေါ်တွေကို ပြန်ပြောတဲ့သူ တစ်ယောက်နေရာမှာပါ။နောက်ဆုံးသေတော့လည်း သူပြောခဲ့၊ဆိုခဲ့တဲ့ဝဋ်တွေပြန်လည်ပြီး မရှု့မလှသေခဲ့ရတယ်

အိချောကတော့ အတက်နိုင်ဆုံးကြိုးစားပြီးသရုပ်ဆောင်ပါတယ်။ဒါရိုက်တာကလည်း သူလိုချင်တဲ့ပုံစံပြောတယ်။ကိုယ်ကတည်း ဖြစ်နိုင်၊မဖြစ်နိုင် ပြီးတော့ကိုယ်ဘယ်လိုအကြောင်းဆုံးဖန်တီးနိုင်မလဲပေါ့။အိချော ဒီဇာတ်ကားရိုက်ကူးချိန်မှာအရမ်းပင်ပန်းပါတယ်။ရေကန်ထဲ ကျသွားတဲ့အခန်းတွေ၊တချို့လှည်းဘီးပေါ်တင်လှည့်တဲ့အခန်းဆိုရင် အိချောအရမ်းလည်းကြောက်ပါတယ်။ကိုယ့်ခန္ဓာကိုယ်က ထွားတော့လှည်းဘီးပေါ်မှာ ခန္ဓာကိုယ်ကဆံ့ပါ့မလား လို့ အရမ်းစိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်။အိချောတို့ ဒီဇာတ်လမ်းမှာပါတဲ့ သရုတ်ဆောင်တွေအကုန်လုံးက တက်ညီလက်ညီနဲ့ သူ့အခန်း ကိုယ့်အခန်းရယ်လို့ အဟုတ်ပါဘူး။အကုန်လုံးကကိုယ်ပါဝင်တဲ့နေရာကို အားလုံးဂရုစိုက်ပြီး ကြိုးစားကြပါတယ်။ဒါကြောင့် ဒီဇာတ်ကားကြီးရုံတင်ရင်လာရောက်အားပေးကြပါအုံးလို့" အိချောပိုကပြောပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။