နှင်းဆီအဖွဲ့က စင်တင်ရိုက် ကူးမည့် မင်းသမီးအသစ်ငါးဦးအ ဖြစ် ခင်သစ္စာ၊ နှင်းသန့်ဝတီ၊ ဇွန်လေးဖြူ၊ ဆုအမရာလင်းနှင့် အယ်် မလီဘိုတို့ကို ရွေးချယ်ခဲ့ပြီး Rose Rider ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရမည့် မင်းသမီးအဖြစ် ဇွန်လေးဖြူကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။‘‘သူ့ဆီမှာ ချစ်စဖွယ်ကောင်း တဲ့ အပြုအမူရှိရမယ်။ Sexy ဖြစ် တာမျိုးကို မလိုချင်ဘူး။ Cute ဖြစ် တာမျိုးကိုပဲ လိုချင်တယ်’’ဟု ဒါ ရိုက်တာမောင်မျိုးမင်း (ရင်တွင်း ဖြစ်)က Rose Rider ရုပ်ရှင်ဇာတ် ကားအတွက် မင်းသမီးအသစ် ရွေးချယ်မှုနှင့်ပတ်သက်၍ ပြော သည်။

ယင်းဇာတ်ကားတွင် နှင်းဆီ အဖွဲ့သားများဖြစ်သည့် မင်းမော် ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့နှင့်အတူ ဇင်ဝိုင်း၊ နေမျိုးအောင်၊ ခင်လှိုင်နှင့် ဒိန်းဒေါင်တို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

သတင်းအရင်းမြစ် 7Day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။