ကင်ညာနိုင်ငံမှ ဘောလုံးကွင်းတစ်ကွင်းရဲ့ တစ်ဝက်ခန့်သာ အကျယ်အဝန်းရှိတဲ့ Migingo ကျွန်းကလေးပေါ်တွင် လူအများစုပုံနေထိုင်ကြတာကြောင့် ကမ္ဘာ့လူဦးရေ အထူးထပ်ဆုံး ကျွန်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ Migingo ကျွန်းကလေးဟာ ဝ.၄၉ ဧကသာ ကျယ်ပြီး တရားဝင်နေထိုင်သူ ၁၃၁ ဦး နေထိုင်ပြီး လုပ်ငန်းများနှင့် ဆက်စပ်ကာ လာရောက်နေထိုင်နေသူပေါင်း ၁၀၀၀ ကျော်အထိ ရှိကြပါတယ်။
တရားဝင် အခြေချနေထိုင်သူ ၁၃၁ ဦးသာ ရှိပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းများတွင် အဆင့်(၃) ဟုသတ်မှတ်ထားပါတယ်။ အခြားလာရောက်နေထိုင်လုပ်ကိုင် စားသောက်သူပေါင်း ၁၀၀၀ ကျော်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ကျွန်း၏အကျယ်အဝန်း သေးငယ်မှုကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ်လည်း အများကသတ်မှတ်ကြခြင်း ဖြစ်ပါတယ်။
ထိုကျွန်းကလေးတည်ရှိရာ အနီးတဝိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ တကယ်တော့ Migingo ကျွန်းဟာ ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံတို့အကြား တင်းမာမှု ရင်းမြစ်တစ်ခု ဖြစ်ပြီး အဲ့ဒီကျွန်းကို မည်သူပိုင်သည်ကို ဘယ်သူမှဆုံးဖြတ်နိုင်ခြင်းမရှိပါဘူး။ အကြောင်းကတော့ အလယ်မှာ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ တချို့သူတွေအနေနဲ့ကတော့ ဒီကျွန်းကိစ္စဟာ အာဖရိကရဲ့ အသေးငယ်ဆုံး စစ်ပွဲတစ်ခုလို့ တင်စားသတ်မှတ်ကြပါတယ်။
သတင်း အရင်းအမြစ်៖ The Guardian