မျိုးရိုးစဉ်ဆက်မပြတ် တစ်ကိုယ်လုံးအနှံ့ အမွှေးတွေ ပေါက်နေတဲ့ မိသားစု

//s9.kh1.co/26/260e9e71148e031c27b8c50cdbd6bedc1542c3eb.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာထူးထူးခြားခြားပုံစံမျိုးနဲ့ မွေးဖွားလာတဲ့လူတွေဆိုတာ အများကြီးပါပဲ။ ဒါပေမယ့် ဒီတစ်ခုကတော့ ပိုပြီးထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ ဆွေစဉ်မျိုးဆက် ဆိုသလို မွေးကတည်းကထူးဆန်းစွာ ခန္တာကိုယ်တစ်ခုလုံးအမွှေးအပြည့်နဲ့ မွေးဖွားလာတဲ့ မိသားစုတစ်စုဖြစ်လို့ပါပဲ။ သူတို့ရဲ့အမွှေးတွေဟာ ကြောက်စရာကောင်းလောက်အောင်မျက်နှာထိပါ တက်ပြီးပေါက်နေပါတယ်။

https://s9.kh1.co/__image/w=600,h=382,q=100/97/97f14b1c92744a50207b1f0dc10ad12e2bd65885.jpg

သူတို့မိသားစုကိုတော့ ရမ်မို့စ် ဂွန်းမက်ဇ် လို့ခေါ်ပြီး မက္ကစီကိုနိုင်ငံသား လူထူးဆန်းတွေပဲဖြစ်ကြပါတယ်။ မိသားစုဝင် ၁၉ ယောက်ရှိပြီး ဒီလိုမျိုး မျောက်ဝံတွေလိုမျက်နှာမှာအမွှေးတွေပေါက်ခဲ့တာကတော့ မျိုးဆက်(၅)ဆက်လောက်ကိုရှိနေပါပြီ။ Gomez မိသားစုဝင်တွေထဲမှာ ဗစ်တာလာရီ၊ ဂတ်ဗရီယယ် ဒန်နီ၊ လူရီဆာ လေလာနဲ့ ဂျိစ့်မန်နူရယ်တို့လေးယောက်ကတော့ ထူးထူးခြားခြား အမွှေးတွေနဲ့ ကြောက်စရာကောင်းလောက်အောင် ပေါက်နေကြသူတွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=616,q=100/7e/7e330932a9c99392dc140ab22054b6f05c6025de.jpg
https://s9.kh1.co/__image/w=600,h=812,q=100/e9/e941fcaaf1741f853a118b3febc52186ce59fb4b.jpg

သူတို့တွေ လူကြားထဲသွားတဲ့အခါမှာ မျက်နှာကအမွှေးတွေကိုရိပ်တဲ့အခါရိပ် ဖုံးတဲ့အခါဖုံးပြီး အမြဲလိုလိုအင်္ကျီ လက်ရှည်ကြီးတွေကိုသာဝတ်ဆင်ပြီး သွားရပါတယ်။ မိသားစုထဲက လာရီနဲ့ ဒန်နီကတော့ မက္ကဆီကန် အမျိုးသား ဆက်ကပ်အဖွဲ့မှာ အလုပ်လုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးရိုးလိုက်ပြီး CGH( congenital generalized hypertrichosis ) ဖြစ်တာနဲ့ ပတ်သတ်ပြီးတော့ သိပ္ပံပညာရှင်တွေဖြေရှင်းချက်အရ X ခရိုမိုဇုန်းရဲ့ အမှတ်အသားတွေ ရှုပ်ထွေးစွာချိတ်ဆက်ထားမှုကြောင့် ဖြစ်ရတာလို့ဆိုထားပါတယ်။ နောင်သားစဉ်မြေးဆက်လည်း ဒီလိုတွေဆက်ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။

https://s9.kh1.co/__image/w=600,h=453,q=100/4e/4e179128c7a2cc0e04f5894147ad70bb3492764a.jpg
https://s9.kh1.co/__image/w=600,h=429,q=100/b5/b5a2f299e820e4afe217f7237569ad46d63bb1a5.jpg

သတင်း အရင်းအမြစ်Guinness world records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T