လူရယ်လို့ ဖြစ်လာပြီးနောက် ယောကျ်ားနဲ့ မိန်းမ ကြား သဘာဝက သတ်မှတ်ထားသော ကာမ ဆက်ဆံခြင်းမျိုး ရှိိတတ်ကြပါတယ်။ သဘာဝအတိုင်း ရှင်သန်နေထိုင်နေကြသော လူသားများအတွက် ကျန်းမာရေးက အရေးကြီးဆုံးသော အရာတစ်ခုဖြစ်ပါတယ်။ ထို သဘာဝ အကြောင်းအရာကြီးထဲတွင် ကာမဆက်ဆံခြင်းလည်း ပါဝင်တာကြောင့် ကာမဆက်ဆံခြင်းကို အပြစ်လို့ ဆိုလို့ မရပါဘူး။ သို့သော် နည်းလမ်းမှန်ကန်ဖို့နှင့် ကာမဆက်ဆံမည့် ပါတနာ (ကာမပိုင် မရှိဖို့/ သက်ငယ်ကလေးများ/ လိင်တူများ မဖြစ်ဖို့) စသည်… စသည်ဖြင့်တော့ ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်။

ကာမစိတ်ဟာ ပွင့်လင်းရမည့် အရာ မဟုတ်သော်ငြားလည်း ကာမဆက်ဆံမည့် အခါတွင်တော့ မိမိ၏ ပါတနာနှင့် ပွင့်လင်းစွာ တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ သူနှင့်ကိုယ်က ရှေ့လျှောက် လက်တွဲလို့ ရမှာပါ။ ဘယ်အရာကိုမှ အတင်းအကျပ်ကြီး လုပ်မယူပါနဲ့။

မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ ကာမ ဆက်ဆံလို်စိတ် မရှိတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြချင်တဲ့ အကြောင်းအရာကတော့ ကာမဆက်ဆံမှု မရှိတော့တဲ့အခါ ဘယ်လိုအကျိုးဆက်တွေ ရနိုင်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

(၁) စိုးရိမ်ကြောင့်ကြ သောကများမယ်

ကာမဆက်ဆံခြင်းက စိတ်ဖိစီးမှု လျော့ချနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကာမ ဆက်ဆံမှု မရှိခြင်းက စိတ်ဖိစီးမှု ပိုရစေနိုင်ပြီး ဘာကို စိတ်တိုင်းမကျမှန်းမသိ၊ ဘာကိုစိုးရိမ်နေမှန်း မသိ စသည်ဖြင့် ခံစားနေရတတ်ပါတယ်။ 

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းစေတယ်

ကာမဆက်ဆံမှု မရှိခြင်းက ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်ပြီး ယုံကြည်မှု လျော့နည်းစေပါတယ်။ ပုံမှန် ကာမဆက်ဆံခြင်းက စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တာကြောင့် အလုပ်ပင်ပန်းသည့်တိုင် စိတ်ဓာတ်တက်ကြွမှု၊ လန်းဆန်းမှုတို့ကို ရရှိနို်င်ပြီး မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိနိုင်ပါတယ်။

(၃) ကိုယ်ခံအား လျော့နည်းလာမယ်

သင့်ခန္ဓာကိုယ်ရဲ့ လှုံ့ဆော်မှု စနစ်အားနည်းလာတာကြောင့် မကြာခဏ ဖျားနိုင်ပါတယ်။ ရာသီအလျောက် ဖြစ်ပွားသော ရောဂါများလည်း ကူးစက်နိုင်ပါတယ်။ အမောမခံနိုင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

(၄) ကာမ ထိတွေ့မှုကို စိတ်ပျက်လာမယ်

ကာမဆက်ဆံမှု အားနည်းခြင်း၊ အချိန်အတော်ကြာ ကာမ မဆက်ဆံဖြစ်ခြင်း စသည်တို့ကြောင့် ကာမ ဆက်ဆံသည့်အခါ ပြီးဆုံးတိုင်အောင် ဆက်ဆံနိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ ထိုအခါ မိမိကိုယ်တိုင်ရော၊ ပါတနာပါ စိတ်အနှောင့်အယှက် ဖြစ်ပြီး ကာမဆက်ဆံခြင်းကို စိတ်ကုန်လာပါလိမ့်မယ်။

(၅) ဟော်မုန်း ပြောင်းလဲမှုတွေ အလွန်နည်းပါးလာမယ်

ပုံမှန် ကာမဆက်ဆံခြင်းက ဟော်မုန်းထွတ်လွှတ်မှု မှန်ကန်စေပြီး ဟော်မုန်း ကောင်းမွန်ဖို့လည်း အထောက်အကူ ပေးပါတယ်။ ထို့ကြောင့် ကာမဆက်ဆံခြင်း မရှိတော့တဲ့အခါ ဟော်မုန်းထုတ်လ

(၆) ရင်နှီးကျွမ်းဝင်မှု အားနည်းလာမယ်

ကာမဆက်ဆံမှု မရှိတော့တဲ့အခါ မိမိနှင့် ပါတနာကြား ရင်းနှီးကျွမ်းဝင်မှု အားနည်းလာပါလိမ့်မယ်။ ထို့အပြင် အိမ်ထောင်သည်တွေမှာလည်း အိမ်ထောင်ရေးသုခ မပြည့်စုံတာမျိုးတွေ ဖြစ်လာနို်င်ပါတယ်။ မိမိကိုယ်ကိုလည်း ယုံကြည်မှု အားနည်းလာပါလိမ့်မယ်။ 

(၇) အိပ်မပျော်ခြင်း ဖြစ်နိုင်တယ်

ကာမဆက်ဆံမှု မရှိတာဖြစ်စေ၊ အလွန်နည်းတာဖြစ်စေ အိပ်မပျော်တာမျိုး၊ ခဏ ခဏ နိုးနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ယုံကြည်ဖို့ ခက်ခဲပေမဲ့ အိပ်မပျော်တာမျိုးကို ခံစားရနိုင်ပါတယ်။

(၈) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတယ်

အထူးသဖြင့် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ ကာမဆက်ဆံခြင်းက ဆီးနှင့်ပတ်သက်ပြီး ကောင်းကျိုးများ ရှိတာကြောင့် ကာမဆက်ဆံမှု မရှိတော့တဲ့အခါ ဆီးကျိတ်ကင်ဆာ ဖြစ်နို်င်ခြေနှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။

ကာမဆက်ဆံခြင်းဖြင့် ကောင်းကျိုး ဆိုးကျိုးများကိုလည်း နားလည် သဘောပေါက်ပြီး ကာမဆက်ဆံမှု မရှိတော့တဲ့အခါ ဘယ်လိုတွေ ဖြစ်နို်င်လဲဆိုတာကိုလည်း သိရှိရင်း စာဖတ်သူများအားလုံး ဗဟုသုတများ ရရှိကြပါစေ… ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။