ဒီလိုခန္ဓာကိုယ်ကနေအလိုအလျောက်မီးထတောက်လို့ သေတဲ့အဖြစ်တွေ ဒဏ်ရာရခဲ့တဲ့အဖြစ်တွေ အများကြီး ရှိပါတယ်။ ဒါကဆေးပညာအရလည်း ဘယ်သူမှတိတိကျကျပြောလို့မရတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ဟာ အဲ့လို မီးလောင်ပြီးသေဆုံးမှုတွေအများဆုံးဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်လို့ပဲဆိုရပါမယ်။ ဒီအဖြစ်အပျက်တွေကို မျက်မြင်တွေ့တဲ့သူတွေကလည်းတွေ့ခဲ့တဲ့အတွက် ဒီကိစ္စမျိုးဟာ ထူးဆန်းစရာပါပဲ။
ဒီလိုသေဆုံးမှုတွေထဲမှာတော့ ဟင်နရီသောမက်စ်၊ မေရီ ရီဆာ၊ရောဘတ်ဖရန်စစ်ဘေလီ၊ဂျွန်အိုင်ဗင်ဘန်တလေ၊ဂျော့အိုင်မော့တ် စတဲ့ သူတွေရဲ့သေဆုံးမှုတွေဟာ ထူးဆန်းပြီး ဖြေရှင်းလို့မရတဲ့ အမှုတွေပါပဲ။ သူတို့ထဲက ဟင်နရီသောမက်စ် ဆိုသူမှာ ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်ကာ တီဗီကြည့်နေရင်းကပဲ အလိုအလျောက်မီးထလောင်ကာ သေဆုံးခဲ့ရပါတယ်။ ဦးခေါင်းခွံနဲ့ဖိနပ်သာကျန်ရှိခဲ့ပြီး လူခန္ဓာကိုယ်တစ်ခုလုံးကတော့ ပြာဖြစ်ခဲ့ရပါတယ်။ ထူးခြားတာတစ်ခုက သူထိုင်နေခဲ့တဲ့ဆိုဖာလုံးဝမီးမလောင်ခဲ့တာပါပဲ။ မီးကသူ့ကိုလောက်ပြီးတဲ့နောက် ငြိမ်းသွားပုံရပါတယ်။ အလားတူသေဆုံးမှုတွေလည်း ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ များပြားစွာ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒီလို ခန္တာကိုယ်ကအလိုလျောက်မီးထလောင်ခဲ့ပေမယ့် အချိန်မှီကြိုးစားငြိမ်းသတ်ခဲ့လို့ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်တော့ရှားပါတယ်.... ရှားရှားပါးပါးထဲကတစ်ယောက်ကတော့ အင်္ဂလန်နိုင်ငံ ချက်ရှိုင်းယားမှာဖြစ်ခဲ့တဲ့ အလိုအလျောက်မီးလောင်ခြင်းခံခဲ့ရသူ ဆူဆန်မော့ထ်ရှေး ပဲဖြစ်ပါတယ်။ သူမဟာ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေရင်း ခန္ဓာကိုယ်ထဲက မီးတောက်တွေထွက်ကာ လောင်မြိုက်ခဲ့ပါတယ်။ သူမအချိန်မှီ ငြိမ်းသတ်လိုက်နိုင်သလို မီးအားကလည်းသိပ်မပြင်းတာကြောင့် ဒဏ်ရာအနည်းငယ်မျှသာ ရခဲ့ရပါတယ်။
သတင်း အရင်းအမြစ်៖ allthatsinteresting