မန်စီးတီးအသင်းရဲ့ကစားသမားအသစ်ဖြစ်သူ ဘာနန်ဒိုဆေးဗာလ်းက မိုနာကိုအသင်းရဲ့ကြယ်ပွင့်ကစားသမား အမ်ဘတ်ပီကို မန်စီးတီးအသင်းမှာကစားတာမြင်တွေ့လိုတယ်လို့ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဘာနန်ဒိုဆေးဗာလ်းဟာ ယခုနှစ်အပြောင်းအရွှေ့ရာသီမှ မိုနာကို အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။မိုနာကို အသင်းမှာ အမ်ဘတ်ပီနဲ့ တွဲဖက်ကစားခဲ့ပြီး ခြေစွမ်းပြသခဲ့တာလဲဖြစ်ပါတယ်။လက်ရှိမှာလည်း မန်စီးတီးအသင်းမှာ အတူပြန်လည်တွဲဖက်ကစားဖို့ အမ်ဘတ်ပီကို လာကစားရန် ဖိတ်ခေါ်နေတာလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းဟာ အမ်ဘတ်ပီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ရမှာ လက်လွှတ်ဖွယ်ရှိနေပါတယ်။

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။