လူသားတစ်ယောက်ရဲ့ မျက်လုံးကို ပကတိ အကောင်းတိုင်း ဖြစ်အောင် ခွဲစိတ်ကုသပေးနိုင်တဲ့ စက်ရုပ်လေး

//s9.kh1.co/c7/c797fb19acac18545ce638ea759792c341be7db3.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ယခုလက်ရှိအချိန်မှာ နည်းပညာတွေ ဟာ တဟုန်ထိုး တိုးတက်လာတာနဲ့ အမျှ စက်ရုပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာလည်း တဖြည်း ဖြည်း ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ လူသားရဲ့ မျက်လုံးကိုစက်ရုပ်က အောင်မြင်စွာ ခွဲစိတ်ပေးသွားနိုင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=390,q=100/c8/c8dabb9df41fdc81cbbef386d855ca141567a48f.jpg
https://s9.kh1.co/__image/w=600,h=277,q=100/b2/b230deb0b526182df6052db0d68b9f376e726368.jpg

အမေရိကန် အခြေစိုက် အောက်စဖို့ဒ် တက္ကသိုလ်မှ John Radcliffe Hospital ကနေ ပထမဆုံး အနေနဲ့ လူသား မျက်လုံးများကို စက်ရုပ်ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင် ခဲ့ပါတယ်။ ဒီစက်ရုပ်တွေကိုတော့ နယ်သာလန် အခြေစိုက် ကျန်းမာရေးသုံး စက်ရုပ်တွေ ကို တီထွင် ဖန်တီးပေးနေတဲ့ Preceyes က ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်ပြီး စက်ရုပ်ဟာ မျက်လုံးရဲ့ အနောက်ဘက်မှ အမြှေးပါး ဖယ်ရှားခြင်းကို ပြုလုပ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/b4/b4a465b78f4b775fa3f01dca719c4facb449a490.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b8/b8f041f67465609e739f567ccc84b20e1dc943c0.jpg

အဆိုပါ ခွဲစိတ်မှုဟာ ဆရာဝန်တွေ ကိုယ်တိုင် ခွဲစိတ်ရင် တစ်မိနစ်နဲ့ ၂၀ စက္ကန့်သာ ကြာမြင့် ပေမယ့် စက်ရုပ်ကတော့ အချိန်ပိုကြာပြီး ၄ မိနစ်နဲ့ ၅၅ စက္ကန့် အချိန်ယူခဲ့ရပါ တယ်။ အဆိုပါ ခွဲစိတ်မှုဟာ စက်ရုပ်တွေ ရဲ့ အနာဂတ် ဆေးပညာပိုင်းမှာ ပိုပီး အထောက်အကူ ပေးနိုင်မယ့် လမ်းစ တစ်ခု ဖြစ်ပြီး နောက်ပိုင်းမှာ စက်ရုပ်တွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါနိုင်မလဲ ဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/c6/c67eb8a0210b65cc18e16d36924175000d90d5e8.jpg
https://s9.kh1.co/__image/w=600,h=400,q=100/8a/8a9d5aa04af6ff65fbf958c368c03d3c2060396b.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T