ပရိသတ်ကြီးရေ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ သရဲလေးတွေဆိုပီး နာမည်ကြီးနေတဲ့ ညီအစ်ကို နှစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Ashfaq အသက် (၁၁နှစ်) နဲ့ Mushtaq Khan ( အသက် ၈နှစ်) တို့ ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို မွေးပီးပီးချင်းမှာပဲ ထူးဆန်းလှတဲ့ ရုပ်ရည်တွေကြောင့် ရွာသားတွေ က မကောင်းဆိုးရွားတွေဆိုပီး ရွာထဲ အဝင်မခံခဲ့ပါဘူး။
တကယ်တော့ သူတို့နှစ်ယောက်ဟာ Hypohidrotic ectodermal dysplasia (HED) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာလည်း ဖြစ်ပါတယ်။ အဆိုပါ ရောဂါမျိုးဟာ အလွန်ရှားပါးပြီး လူတစ်သောင်းမှာ တစ်ယောက် ဖြစ်ခဲလှတဲ့ ရောဂါမျိုးလည်း ဖြစ်ပါတယ်။ သူတိုနှစ်ယောက်ကို ကျောင်းသားတွေကလည်း ကြောက်လန့်ကြလို့ စကားတောင် လာမပြောကြပါဘူး။ သူတိုရဲ့ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ဒီရောဂါကို ကုသဖို့ ပိုက်ဆံမလောက်ခဲ့အတွက် ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်အကြောင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားပြီး စေတနာရှင် အလှူရှင်များပေါ်ပေါက်လာကာ သူတို့ရဲ့ ဝေဒနာ ကို ကုသပေးနိုင်နေပြီပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရွာသားတွေက သူတို့ရဲ့ ထူးဆန်းတဲ့ ရောဂါကို နားလည်သွားပြီးနောက် ရွာထဲမှာ သူတို့ ညီအစ်ကိုနှစ်ယောက်ကို ပြန်လည် နေထိုင်ခွင့်ပြုခဲ့ပါတယ်။ အခုအခါမှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ စာသင်ေကျာင်းမှာ ပျော်ရွှင်စွာ စာသင်ကြားလျက်ရှိနေပြီး ဆေးကုသမှုကိုလည်း ခံယူနေနိုင်ပြီပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Mirror