Vanderbilt Institute for Energy and Environment က သုတေသန လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်သူ Amanda R. Carrico က National Geographic ကို အခုလို ပြောပြခဲ့ပါတယ်။ အပူက ဘက်တီးရီးယားပိုးမွှားများ သေစေတာ မှန်ပေမယ့် ဘက်တီးရီးယားသတ်ဖို့ ရေနွေး အသုံးပြုပါက မခံနိုင်လောက်အောင် ပူနွေးရတော့မှာပါ တဲ့။

အပူချိန် ၂၁၂ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ပွတ်ပွတ်ဆူနေသော ရေကို ရောဂါပိုးတွေ နှိပ်နင်းဖို့ တခါတလေ အသုံးပြုပါတယ်။ လက်ဆေးဖို့ ရေနွေးသုံးတဲ့အခါ အပူချိန် ၁၀၄- ၁၃၁ ဒီဂရီဖာရင်ဟိုက်ကြားဖြစ်တာ များပါတယ်။ ပိုးမွားတချို့ကို သေစေနိုင်ပေမယ့် အကျိုးပြုသည့် ပိုးတွေကိုလည်း လောင်စေနိုင်ပါတယ်။ အနွေးဓာတ်ပိုတဲ့ရေနွေးက အရေပြား မခံနိုင် ဖြစ်ပြီး အကာအကွယ်ပေးအလွှာကို ထိခိုက်စေနိုင်ပါတယ်။တကယ်တော့ လက်ကို ရေနွေးဖြင့် ဆေးရန် မလိုပါဘူး။ ရေအေးသာ အကောင်းဆုံးဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Myawady Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။