ကမ္ဘာ‌့လူသုံးအမျာဆုံး Application တွေထဲက တစ်ခုဖြစ်တဲ့ TikTok ရဲ့ Ceo နဲ့ Founder ဖြစ်သူအကြောင်း

//s9.kh1.co/cc/cc829d4d143f4291cc097c00d3bb83392e9d815b.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

TikTok ဟာဆိုရင် ယနေ့ချိန်မှာ လူသုံးအများဆုံး Application လည်းဖြစ်သလို ဒေါင်းလုပ်အများဆုံးဆွဲကြတဲ့ Application လည်းဖြစ်ပါတယ်။ ဒီလို အောင်မြင်လှတဲ့ TikTok ကို ဘယ်သူတီထွင်ခဲ့လဲဆိုတာ သိတဲ့သူလည်းရှိသလို မသိတဲ့သူတွေလည်း ရှိကြမှာပါ။ ဒါကြောင့် စာဖတ်သူပရိသတ်ကြီးအတွက် TikTok ရဲ့ CEOလည်းဖြစ်သလို Creator လည်းဖြစ်တဲ့ Zhang Yiming အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Zhang Yiming ဆိုတာဘယ်သူလဲ။

https://s9.kh1.co/__image/w=650,h=366,q=100/d2/d2e92b6a96eaa94ee118d8cf9018ebfd81f0eea7.jpg

Zhang Yiming ဟာ အသက် ၃၈နှစ်ရှိပြီးဖြစ်တဲ့ တရုတ်နိုင်ငံက အင်တာနက်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ တက္ကသိုလ်တွင် သူဟာ software engineering ကိုလေ့လာခဲ့ပြီး ယခုသူရဲ့ဇနီးဖြစ်သူနဲ့ အဲ့ဒီ တက္ကသိုလ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ Financial Times ရဲ့အဆိုအရ သူဟာ တစ်ခါက " အိပ်စက်ခြင်းဆိုတာ ပျင်းစရာကောင်းတဲ့အရာတစ်ခုပဲ " လို့ပြောခဲ့ဖူးပါတယ်။ သူဟာ ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ရှိခြင်းကြောင့် လူသိများပါတယ်။ သူဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နေထိုင်ပါတယ်။

သူရဲ့ Net Worth ကဘယ်လောက်ရှိလဲ။

https://s9.kh1.co/__image/w=650,h=488,q=100/00/007b1b041ffd7e8813585706a615f1f3adcaedc0.jpeg

၂၀၂၀ ခုနှစ်မှာ သူရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၆.၂ ဘီလီယံရှိပါတယ်။ ဒါကသူ့ကို တရုတ်ပြည်ရဲ့ နဝမမြောက် အချမ်းသာဆုံးသူ ဖြစ်လာစေခဲ့ပါတယ်။

သူဟာ TikTok ကိုဘယ်တုန်းက စတင်ပြုလုပ်ခဲ့တာလဲ။

https://s9.kh1.co/__image/w=650,h=366,q=100/68/68ef2df1c041285d858f5ac6fa6c3ec291c67f52.jpeg

၂၀၁၂ခုနှစ်မှာ Zhang ဟာ သူရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းကနေထွက်ခဲ့ပြီး TikTokရဲ့နောက်ကွယ်က Company တစ်ခုဖြစ်တဲ့ ByteDance ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်စက်တင်ဘာလမှာ TikTok ကို Douyin ဆိုတဲ့ အမည်ဖြင့် တရုတ်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် TikTok ကို နိုင်ငံတကာမှာ ရရှိနိုင်ပြီး လူငယ်များအတွက် စျေးကွက်တင်ခဲ့ပါတယ်။ ဒီ Application ဟာ မထင်ထားနိုင်လောက်အောင် နာမည်ကြီးခဲ့ပြီး အထူးသဖြင့် လူငယ်တွေကြားထဲမှာ ပိုအောင်မြင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်သုံးစွဲသူ သန်း ၅၀၀ ရှိခဲ့ပါတယ်။

TikTokနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအမြင်

https://s9.kh1.co/__image/w=650,h=401,q=100/b6/b6b5c4b6e86007e0a55a5608848fbe01657d6694.jpg

ဒီ Application အပေါ် နိုင်ငံတကာအမြင်အရ ပြောရမယ်ဆိုရင် အိန္ဒိယက Application ကို Ban လိုက်ပါတယ်၊ Trump က TikTok ဟာ Privacy ကိုထိခိုက်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ် နောက်ဆုံး အင်ဒိုနီးရှားကတော့ TikTok ကိုယာယီ Ban လိုက်ပြီး ခုချိန်မှာတော့ ပြန်လည် အသုံးပြုလို့ရပါပြီ။ UK မှာတော့ TikTok ဟာ Lockdown ကာလအတွင်းမှာ တော်တော်ကို အဆင်ပြေစေခဲ့ပါတယ်။ တစ်ခါကသူဟာ ဒီ Application ကို မတည်မငြိမ်နဲ့အလုပ်လက်မဲ့တဲ့လူတွေအတွက် ပြုလုပ်ခဲ့တာလို့ပြောခဲ့ဖူးပါတယ်။ အဲ့ဒီနောက် သူဟာ ရယ်ပြီးတော့ သူ့အနေနဲ့တစ်ခါမှာ အိန္ဒိယမှာ အဲ့လိုလူတွေ ပေါများလိမ့်မယ်လို့ မထင်ခဲ့ဘူးဆိုပြီး ပြောခဲ့ပါတယ်။ သင့်အနေနဲ့ရော သူပြောခဲ့တာနဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်ပါသလဲ။

https://s9.kh1.co/__image/w=650,h=650,q=100/4b/4b996a6b569b3a4050af9e905532e1e39258eb47.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/18/18fd8aff366483f7134cc493ae57b7983cecfd49.webp
https://s9.kh1.co/__image/w=650,h=434,q=100/08/08cd4160a8fc05f538ed6474a0de7c8603e626ff.jpg

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T