ယနေ့ချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

//s9.kh1.co/5b/5b26df326be80e2e4bbd0374fc585b86f771f76f.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သင်္ချာ နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူအများစုဟာ မာယာလူမျိုးတွေ ပျောက်ကွယ်သွားကြပြီလို့ ထင်မှတ်နေကြပေမယ့် အမေရိကတိုက်အတွင်းမှာ အခုထက်တိုင် သားစဉ်မြေးဆက်အလိုက် နေထိုင်နေကြဆဲ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/5c/5c537e4d87a4f90e3936cd5dc0b75edcbd122e8c.jpg

(၂) ကမ္ဘာကြီးဟာ ဘီစီ ၃၁၁၄ ခန့်ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ မာယာလူမျိုးတွေက ယုံကြည်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/53/53e699b42a89589d227d189b21a4728d89c7b761.jpg

(၃) ငါးမန်း (shark) ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မာယာလူမျိုးတွေရဲ့ ကိုယ်ပိုင်စကားလုံးတစ်ခု ဖြစ်တယ်လို့ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/78/7844b3c2a116b474a8d92a0d778a2aea7ae4b1f7.jpg

(၄) မာယာလူမျိုးတွေဟာ ဗိသုကာလက်ရာအဆင့်အတန်းမှာ အံ့ဩသင့်စရာ ကောင်းလောက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အီဂျစ်မှာရှိတဲ့ ပိရမစ်နဲ့ ဘုရားကျောင်းပုံစံတွေဟာ မာယာလူမျိုးတွေက စတင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=400,q=100/36/36428bf94b93d84d39a5cb00ef412a90709e52e1.jpg

(၅) ခန္ဓာကိုယ်မှာ တက်တူးထိုး အလှဆင်တာဟာ မာယာလူမျိုးတွေ လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စိတ်ခံစားမှုအလိုက် ပုံဖော်ဆင်မြန်းခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/37/37f7d29ce012d0f4cf71526670ccc4614b975dac.webp

(၆) ယနေ့ခေတ် ဂွာတီမာလာနိုင်ငံက ကျွန်းမြို့လေးတမြို့ဖြစ်တဲ့ Tayasal ဟာ မာယာလူမျိုးတွေရဲ့ နောက်ဆုံး အင်ပါယာအဖြစ် တည်ရှိခဲ့ပြီး ၁၆၉၆ ခုနှစ် မတိုင်ခင်အထိ တည်တံ့ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=217,q=100/52/5281075eca71d7194b085e3a23e9aecb646632c0.jpg

(၇) မာယာလူမျိုးတွေဟာ ထူးချွန်တဲ့ နက္ခတ်ဗေဒပညာရှင်တွေဖြစ်ပြီး ကြယ်၊ လနဲ့ နေတို့ကို ကောင်းကင်မှာ ရွေ့နေတဲ့ နတ်ဘုရားတွေလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာ ဆိုရင်လည်း ကြယ်၊ လနဲ့ နေတို့ရဲ့ တည်နေရာအရွှေ့အပြောင်းတွေပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းမှတ်သားထားလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b8/b8d834f5eedf06a801d1e535208d9b0a1f9a14b4.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T