ကောင်လေးတစ်ယောက်ရဲ့ ဗိုက်ထဲကနေ ထူးဆန်းစွာထွက်လာတဲ့ အမွှာကလေး

//s9.kh1.co/3b/3bd0513b70ac770b169f9716ca03387ea1dc80dd.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီလိုဖြစ်ရပ်မျိုးဆိုတာဟာ တကယ့်ကို ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ကိုယ့်ရဲ့ဗိုက်ထဲမှာ မွေးချင်းအမွှာကို ကိုယ်ဝန်ပြန်လွယ်ထားရတယ်ဆိုတာဟာ တွေးကြည့်တာနဲ့ ဖြစ်နိုင်စရာမဖြစ်ဘူးလို့ ထင်နိုင်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေဟာ အပြင်မှာ တကယ်ရှိခဲ့ပါတယ်။ ဒါကြောင့်အဲ့လိုဖြစ်ရပ်တွေထဲက တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=595,h=397,q=100/95/955eb278e80c692c69fa7acbd2122b2fb36ebbc6.jpg
https://s9.kh1.co/__image/w=595,h=397,q=100/28/28009799e0f1ec2b902482778c0c21c0fce42d20.jpg

Iran နိုင်ငံက အမျိုးသားတစ်ဦးဟာဆိုရင် မွေးဖွားလာထဲကနေ အသက် ၂၂ နှစ်အရွယ်ရောက်တဲ့အထိ ဗိုက်ထဲမှာ မွေးချင်းအမွှာကို ကိုယ်ဝန်လွယ်ထားခဲ့ရပါတယ်။ ငယ်ငယ်ကတော့ ဒီအတိုင်းဗိုက်ပူတာလို့ပဲထင်ခဲ့ပေမယ့် အသက်၂၂ နှစ်အရွယ်အရောက်မှာ ဗိုက်အရမ်းအောင့်လို့ ဆေးရုံကိုသွားပြမှ ဒီအဖြစ်အပျက်ကိုသိရှိခဲ့ရတာပါ။ ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကတော့ ကောင်လေးရဲ့မွေးချင်း အမွှာဖြစ်သူဟာ အောင်မြင်တဲ့ သန္ဓေသားအဖြစ် မခွဲထွက်နိုင်ပဲ သူ့ရဲ့ဗိုက်ထဲမှာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=595,h=397,q=100/cb/cb314d791205f512eb22d6588aec717563eb9780.jpg
https://s9.kh1.co/__image/w=595,h=397,q=100/cd/cd1d15600f2db649a10644356932f064c9c9e428.jpg

ဆရာဝန်တွေကလည်း ကောင်လေးကို ဖေးမကူညီခဲ့ပြီး ဗိုက်ထဲမှာရှိနေတဲ့ မွေးချင်းအမွှာကို အောင်အောင်မြင်မြင်နဲ့ ခွဲထုတ်ပေးခဲ့ကြပါတယ်။ ဆရာဝန်တွေခွဲထုတ်ပေးခဲ့ပြီးနောက် ထွက်လာတဲ့ သူ့ရဲ့မွေးချင်းအမွှာက ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကတော့ ပရိသတ်တွေ ယခုမြင်တွေ့နေရတဲ့ပုံတွေထဲက အတိုင်းပါပဲ။ ဆံပင်လိုပုံစံ အမွှေးတွေရှိပြီး ခန္ဓာကိုယ်ကတော့ ကြောက်မက်ဖွယ်ပုံစံနဲ့ ဘယ်လိုမှပုံဖော်လို့မရပါဘူး။

https://s9.kh1.co/__image/w=397,h=595,q=100/ca/ca4839b7bfb62e6e3b2e7e6e176e75167b765a67.jpg
https://s9.kh1.co/__image/w=397,h=595,q=100/1d/1df51279123e264ab1fd071c861d45edc972d785.jpg
https://s9.kh1.co/__image/w=595,h=397,q=100/a7/a74e3ff33c201a0551b967111dc112f764f508d9.jpg
https://s9.kh1.co/__image/w=595,h=397,q=100/dd/ddfd97b4a3c50b30e82326a19de734e6c4d017e3.jpg

သတင်း အရင်းအမြစ်MEHR

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T