နာမည်ကျော် ဘရာဇီးလက်ရွှေးစင်ဘောလုံးကစားသမား နေမာကတော့ စပိန်လာလီဂါကလပ် ဘာစီလိုနာကနေ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို၂၂၂သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ထို့ကဲ့သို့ နေမာတစ်ယောက် ပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့ခဲ့ခြင်းနှင့် ပတ်သတ်၍ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်း၏ကစားသမား ဟာဇက်က နေမာကို ချီးကျူးဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ 

ဘယ်ဂျီယံလက်ရွှေးစင် ကစားသမား ဟာဇက်က “သူငယ်ချင်းနေမာရေ ပြင်သစ်မှာကံကောင်းပါစေ ပြင်သစ်ကဆုတံဆိပ်တွေက မင်းအတွက် ဖြစ်လာမှာပါ ဆိုပြီး နေမာကို လူမှုကွန်ယက်ကနေတစ်ဆင့် ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။