မရမ်းကုန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော အငှားယာဉ်မောင်းအား သတ်ပြီး

လုယက်သွားသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၁၄ ရက်အတွင်း

ဖော်ထုတ်ဖမ်းဆီးရမိ

၈.၁၀.၂၀၁၆ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀)

ရပ်ကွက်၊ ဦးဘဟန်လမ်းသွယ်အတွင်း၌ AA---- TOYOTA Vista

အမျိုးအစား အဖြူရောင်အငှားယာဉ်ပေါ်တွင် အမျိုးသားတစ်ဦးမှာ

လည်းပင်းဝဲဘက်ထိုးသွင်းဒဏ်ရာ၊ လည်ပင်း၊ ဝဲလက်ဖဝါးနှင့်

ဝဲလက်သူကြွယ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ ယာဉ်မောင်းထိုင်ခုံ

ဘေးတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်းသတင်းအရ

ရဲတပ်ဖွဲ့မှစိစစ်ခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ

အငှားယာဉ်မောင်းနှင်သူ ဦးဝင်းလှိုင်၊ (၅၀)နှစ်ဖြစ်ကြောင်းနှင့် ၎င်းကိုင်

ဆောင်သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးပါဆုံးသွားကြောင်း

သိရှိရပြီး ယင်းသို့ကျူးလွန်သူအား အရေးယူပေးရန် သေဆုံးသူ၏ ဇနီး

ဖြစ်သူမှ တိုင်တန်းချက်အရ မရမ်းကုန်းမြို့မရဲစခန်း(ပ)၇၉၉/၂၀၁၆၊

ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး

ရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ပြစ်မှုကျူးလွန်သူ

အား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး

ရဲတပ်ဖွဲဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များအား အဖွဲ့ငယ်များခွဲ၍ ချက်ချင်းစုံစမ်းဆောင်

ရွက်စေပြီး ရရှိသည့်သတင်းများအပေါ်အခြေခံ၍ ပြစ်မှုကျူးလွန်သူအား

အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အမှုစစ်

အထူးအဖွဲ့မှ အခင်းဖြစ်ယာဉ်၏ အနောက်ဘက် ၂၅ ပေခန့်အကွာရှိ

မြောင်းဘေးခြုံပုတ်အတွင်းမှ သွေးများပေကျံနေသော အရိုးအသွား

၁၀ လက်မခန့်ရှိ အဝါရောင်ကော်ရိုးတပ် ဓားဦးချွန်တစ်ချောင်းအား

စတင်တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းပြင် ယာဉ်၏နောက်ခန်း

အတွင်းမှ တိတ်ဖြင့်ကပ်ထားသော ဓားထည့်သည့်စက္ကူ အိတ်နှင့်

သွေးများသုတ်ထားသည့် မျက်နှာသုတ်ပုဝါ ၁ ထည်တို့ကိုလည်း

တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှု

ကျူးလွန်သူအား နေ့စဉ် စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ

မရမ်းကုန်းမြို့နယ်နေ ဇာနည်ထွန်းဖြစ်ကြောင်းသိရှိရ၍ ဖမ်းဆီးရမိရေး

အတွက် ၎င်းသွားလာတတ်သည့်နေရာများအား ရဲတပ်ဖွဲ့ဝင်များမှ

အဖွဲ့ငယ်များခွဲ၍ စုံစမ်းရှာဖွေနေစဉ် ၂၂.၁၀.၂၀၁၆ ရက်နေ့ ၁၇၅၀

အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချော်တွင်းကုန်း

မီးပွိုင့်အနီးမှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ဇာနည်ထွန်းအား စစ်ဆေးချက်အရ ၎င်းသည် ငွေကြေး

သုံးစွဲရန်လိုအပ်နေသဖြင့် လုယက်ရန်အတွက် အခင်းဖြစ်နေ့က စမ်းချောင်း

မြို့နယ်၊ ဗားကရာလမ်းရှိ စတိုးဆိုင်တစ်ဆိုင်မှ ပြစ်မှုကျူးလွန်ရာတွင်

အသုံးပြုခဲ့သည့် အဝါရောင်ကော်ရိုးတပ်ဓားဦးချွန် ၁ ချောင်းအား ငွေကျပ်

၃၀၀ ဖြင့်ဝယ်ယူခဲ့ကာ ပြည်လမ်း၊ ဒဂုံစင်တာ ၂ ရှေ့မှ အငှားယာဉ်တစ်စီး

အား မရမ်းကုန်းမြို့နယ်၊ ဦးဘဟန်လမ်းသွယ်သို့ ငှားရမ်းခဲ့ပြီး အခင်းဖြစ်

နေရာအရောက် အမှုမှသေဆုံးသူ အငှားယာဉ်မောင်းအား ဓားဖြင့်ထောက်

၍ ငွေကြေးတောင်းခံရာမရရှိသဖြင့် ဓားဖြင့်ထိုးကာ အငှားယာဉ်မောင်းထံမှ

Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးအား ယူဆောင်သွားခဲ့ကြောင်း

ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဇာနည်ထွန်း၊ (၂၈)နှစ်၊ မရမ်းကုန်း

မြို့နယ်နေသူအား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး

အခြားအမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးဆောင် ရွက်လျက်ရှိ

ပါသည်။

အငှားယာဉ်မောင်းများအနေဖြင့်လည်း မိမိတို့၏စီးပွားရေးအတွက်

ငွေကြေးရရှိလိုမှု တစ်ခုတည်းကိုသာ အာရုံထားဆောင်ရွက်ခြင်းမျိုး

မဟုတ်ဘဲ မိမိတို့၏လုံခြုံရေးကိုလည်း အထူးသတိထားဆောင်ရွက်

ကြပါရန်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး

အတွင်းဖြစ်ပွားခဲ့သော ပေါ်ပေါက်ခြင်းမရှိသေးသည့်အမှုများကိုလည်း

နေ့စဉ် စုံစမ်းဖော်ထုတ်လျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။