ကြက်သွန်ဖြူ အစိမ်း ဟာ ရောဂါအမျိုးမျိုး ကုသဖို့အတွက် ရိုးရာ ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။သွေးတိုး တာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာတွေအတွက် အသုံးပြုခဲ့ကြတာပါ။ကက်သွန်ဖြူ ကို စားရင်ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာမဆို စားသုံးလို့ရသလားဆိုတော့ အခုဖော်ပြမဲ့ အခြေအနေမျိုးဆိုရင်တော့ မစားသင့်ပါဘူး။

ကြက်သွန်ဖြူ ကို အစိမ်း လိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအား နည်းတတ်သူတွေအတွက် ကြက်သွန်ဖြူ ကို အစိမ်းလိုက်မစားသင့်ပါဘူး။ ကြက်သွန်ဖြူဟာ ဆေးဝါးတစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်းရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ဒါကြောင့် သင့်မှာ ဝေဒနာတစ်ခုခုကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူကို မစားခင် ဆရာဝန် နဲ့တိုင်ပင်သင့်ပါတယ်။ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အသည်း နဲ့ဆိုင်ရာ ရောဂါတစ်ခုခုရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုရှိရင် လည်းမစားသင့်ပါဘူး။ကိုယ့် အစာအိမ် က ထိခိုက်မခံဘူး။ တစ်ခုခုစားရင် အစာအိမ်နာတာတို့ ၊ အစာမကျေတာတို့ ဖြစ်တတ်ရင် ကြက်သွန်ဖြူ အစိမ်း ကို အများကြီးမစားသင့်ပါဘူး။

သတင်းအရင်းမြစ် MyFood Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။