Miss ပြိုင်ချင်ကြတဲ့ မမဝဝလေးတွေအတွက် သတင်းကောင်းတစ်ခုပြန်လည်မျှဝေပေးချင်ပါတယ် ပရိသတ်ကြီးရေ။

၀တဲ့သူလေးတွေ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲ ဆိုတာ သက်သေပြမယ့် ပြိုင်ပွဲလေးမို့ သူငယ်ချင်းတွေရှိရင်တော့ လက်တို့လိုက်ပါဦးနော်။

ပေါင် ၁၈၀နှင့်အထက်ရှိတဲ့ အမျိုးသမီးတွေသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Miss Plus Size Beauty Queen Contest Myanmar 2017 ကို လာမယ့် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူ့ပတ်ဝန်းကျင်အတွင်း ကိုယ်ခန္ဓာဝသူများအား Body Shaming လုပ်ခြင်းကို လျော့ချနိုင်ရန်နှဲ့ ဝတဲ့ သူတွေမှာလည်း ယုံကြည်ချက်နှင့် အလှတရားရှိတာကို ဖော်ထုတ်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အဆိုပါပွဲရဲ့ တရားဝင် Facebook စာမျက်နှာ Miss Plus Size Beauty Queen Contest Myanmar မှာ ထုတ်ပြန်ကြေညာထားတာပါ။

အဆိုပါပွဲကို အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိ အပျို သာမက အိမ်ထောင်ရှင်မများပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲဝင်အနေနှင့် အရပ် ၅ ပေနှင့် အထက်ရှိရမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ Miss Plus Size ပွဲမှာတော့ စန္ဒီမင်းအောင်က Miss အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ Plus Size အဝတ်အထည်တွေ အစားအသောက်တွေရောင်းမယ့် စျေးရောင်းပွဲတော်လည်း ပါဝင်မှာဖြစ်ပါတယ်

စက်တင်ဘာလမှာ ဖောင်ပိတ်မှာဖြစ်လို့ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်များကို https://www.facebook.com/myanmarplussizequeen/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအရင်းမြစ် Miss Pus Size Beauty Contest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။