ယခုလက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ "ကြောက် ကြောက် ကြောက်" ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြား ရေပန်းစား လူပြောများလို့နေပါတယ်။ နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ make up effect တွေလည်း မိုက်သလို ဇာတ်လမ်း ဇာတ်ကွက်တွေလည်း လှတယ်ဆိုပြီး ချီးကျူးသံတွေ ကြားနေရပါတယ်။

ဒီဇာတ်ကားထဲမှာ သရဲကာရိုက်တာအဖြစ် သရုပ်ဆောင်ထားရတဲ့ နန်းခင်ဇေယျာရဲ့ ဇာတ်ရုပ်ဟာ ပီပြင်လွန်းလှတာကြောင့် ပရိသတ်တွေက ဒီဇာတ်ရုပ်ရဲ့ make-up creation နဲ့ပတ်သတ်ပြီး အထူးစိတ်ဝင်စားနေကြပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး နန်းခင်ဇေယျာကတော့ သူမရဲ့ လူမှုစာမျက်နှာမှတဆင့် ယခုလို ပြောပြထားတာတွေ့ရပါတယ်။

မျက်နှာ တစ်ခုလုံးကို ghost make up ဖြစ်အောင် ပြီးစီးဖို့ အချိန် ၂ နာရီခွဲ ၃ နာရီ ကြာမြင့်ပါတယ်။

Ghost Makeup ဖြစ်အောင် သရုပ်တူအောင် လိမ်းခြယ်မှုကြောင့် မျက်နှာမှာ break outs များဖြစ်တဲ့အထိ ဖြစ်ခဲ့တဲ့အထိ လိမ်းခြယ်ရိုက်ကူးခဲ့ရပါတယ်။

သို့သော်လည်း မိတ်ကပ်ပြင်ဆင်မှုနဲ့ computer effect creation များပေါင်းစပ်ပြီး ကြည့်ရှုသူပရိတ်သတ်များအတွက် ရသတစ်မျိုး အမြင်တစ်မျိုး ခံစားမှုအသစ်တစ်မျိုး ကျန်စေခဲ့ရင်ဖြင့် နန်းခင်အပါအဝင် မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်း နှင့် အသိပညာရှင် အတတ်ပညာရှင် အားလုံးတို့က ပင်ပန်းရကျိုးနပ်ပါတယ်ရှင့်။

အားပေးကြတဲ့ ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

နန်းခင်ဇေယျာ" ဆိုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ........

Source: Nan Khin Zayar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။