အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် လက်မှတ်ထိုးတောင်းဆိုခံရတဲ့ ပထမဆုံးကစားသမားဆိုပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ ခရစ်စတီယာနိုရော်နယ်လ်ဒို

//s9.kh1.co/f2/f246aa5707e8c43cadfe86fc9f5d279ca8fa074d.jpeg
အားကစားသတင်းများ

 ၀၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ခရစ်စတီယာနိုရော်နယ်လ်ဒိုကို စာချုပ်သက်တမ်း နှစ်နှစ် ( တစ်နှစ်သက်တမ်းထပ်မံတိုးနိုင်) ချုပ်ဆိုပြီး ခေါ်ယူနိုင်ခဲ့တာကို ပရိသတ်တွေ သိရှိပြီး ဖြစ်မှာပါနော်..။

မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်လ်ဒိုကတော့ ပြီးခဲ့တဲ့ညက အိုင်ယာလန်အသင်းနဲ့ ပွဲစဉ်မစခင်မှာ ယူရို ၂၀၂၀ ရဲ့ သွင်းဂိုးအများဆုံးကစားသမားဆုကို လက်ခံရရှိခဲ့ပါတယ်..။

Photo Credit - Sport Innovation Society
Photo Credit - Sport Innovation Society

အင်္ဂလန်ဘုရင်မကြီး Elizabeth က တော်၀င်တရားရုံး၀န်ထမ်းတွေကို လက်ဆောင်ပေးဖို့အတွက် Cristiano Ronaldo နာမည်ပါ ဂျာစီ 80 ကို မှာယူခဲ့တယ်ဆိုပြီး သတင်းတွေအမှားတွေထွက်ပေါ်လာခဲ့ပါတယ်..။

Manchester United ထံ ဘုရင်မကြီးကိုယ်တိုင် order မှာယူခဲ့တာဖြစ်ပြီး ဂျာစီ (80)တွေထဲမှာမှ ပထမဦးဆုံးတစ်ထည်ကို သူမအတွက် အမှတ်တရအဖြစ် Cristiano Ronaldo ရဲ့ လက်မှတ်ကိုပါ ရေးထားခိုင်းထားတယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေဟာ အတည်ပြုလို့မရသေးတဲ့ ကောလဟာလ သတင်းတွေပဲ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Sport Innovation Society
Photo Credit - Sport Innovation Society

အင်္ဂလန်ဘုရင်မကြီး Elizabeth ကိုယ်တိုင် အားကစားသမားများထံမှ လက်မှတ်ထိုးတောင်းဆိုခံရတဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်ဆိုပြီး ပရိသတ်တွေကပျော်နေခဲ့ပေမယ့် ဒီကနေ့ မနက်မှာတော့ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်..။

ပျော်ခဲ့ရပြီးမှ သတင်းအမှားတွေ ဖြစ်ခဲ့ရပေမယ့်လည်း မြန်မာပရိသတ်တွေအတွက်ကတော့ အပျော်တွေ မပျက်သွားဘဲ ရယ်စရာလေးတွေအဖြစ် မှတ်ယူပြီး အချင်းချင်းစနောက်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Sport Innovation Society
Photo Credit - Sport Innovation Society

သတင်း အရင်းအမြစ်Sport Innovation Society

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T