ယနေ့ခေတ် ဆယ်ကျော်သက်လူငယ် အများစုက ကွန်ပျူတာ အသုံးပြုခြင်းထက် ဖုန်းအသုံးပြုခြင်းက ပိုများပါတယ်။ ဆယ်ကျော်သက်လူငယ် အများစုက လူမှုကွန်ယက်များ အသုံးပြုခြင်းနှင့် online learning တွေရှိတာကြောင့် ဖုန်းနှင့် စာရိုက်ခြင်းဖြင့်လည်း အချိန်ကုန်လေ့ ရှိကြပါတယ်။ ဖုန်းတွေကိုပဲ အချိန်တိုင်းကြည့်နေတတ်တဲ့ လူငယ်လေးတေမှာ ကျန်းမာရေး ပြဿနာများစွာ ရှိလာနိုင်ပါတယ်။ 

ဖုန်းတွေကိုပဲ အချိန်တိုင်း ကြည့်ပြီး စာရိုက်နေလေ့ရှိတဲ့ ဆယ်ကျော်သက်တွေဟာ အိပ်ချိန်တွေ ကျော်လွန်လာတတ်သည့်အပြင် အိမ်စာ တွေလုပ်ဖို့ ရှုံးနိမ့်ကာ အမြဲတမ်း ဖုန်းပေါ်မှာ စာရိုက်နေသူတွေသာ ဖြစ်လာပါတယ်။ ထိုသို့ဖြစ်ခြင်းသည် မိမိ၏ လူနေမှုဘဝနှင့် တိုးတက်မှု အခွင့်အလမ်းများကို အနှောင့်အယှက် ဖြစ်စေပါတယ်။

လူမှုကွန်ယက်များကို အသုံးများလွန်းတာကလည်း ပညာရေးကို ထိခိုက်နိုင်တယ်လို့ သိရှိရပါတယ်။ အချိန်တိုင်း ဖုန်းနဲ့စာရိုက်ဖို့ ကြိုးစားနေသူတွေဟာ အိပ်ချိန်မှာလည်း ပြဿနာ ရှိပါတယ်။ အိပ်ရေးမဝခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ခံစားရမှာဖြစ်ပါတယ်။ 

ဆယ်ကျော်သက် လူငယ်တွေအတွက် ဖုန်းဖြင့် စာရိုက်ခြင်းသည် ဖုန်းပြောချိန် ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် (သို့) အီးမေးလ် အသုံးပြုချိန်တွေထက် ပိုများနေပါတယ်။ ဖုန်းဖြင့် စာရိုက်များတဲ့ လူငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိတာကတော့ စိတ်ဖိစီးမှု ၊ မောပန်းနွမ်းနယ်မှု နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။ 

သူငယ်ချင်းတွေ (သို့မဟုတ်) မိသားစုတွေနဲ့ တွေ့ဆုံတဲ့အချိန်တွေနှင့် စာသင်ခန်းတွေမှာ ဖုန်းဖြင့် စာရိုက်နေခြင်းက ပတ်ဝန်းကျင်ကို အလေးမထားရာ ရောက်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး မှာလည်း ညံ့လာနိုင်ပြီး ပတ်ဝန်းကျင်ကို လေးစားမှု၊ အာရုံစူးစိုက်မှုလည်း လျော့ကျသွားပါတယ်။  

ဒါ့အပြင် ဖုန်းမှာပါတဲ့ Keyboard လေးတွေက သေးငယ်လွန်းတာကြောင့် အာရုံစိုက်ပြီး စာရိုက်တာ ကြာလာတဲ့အခါ မျက်လုံးကို သိသာစွာ ထိခိုက် ပျက်စီးစေပါတယ်။ ထို့နောက် လက်ကောက်ဝတ် နာကျင်ခြင်းနှင့် ဇက်ကြောတက်ခြင်းကိုလည်း ခံစားလာရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဆယ်ကျော်သက် လူငယ်များအနေဖြင့် လိုအပ်သည်ထက်ပို၍ ဖုန်းကို အသုံးမပြုကြရန်နှင့် ဖုန်းဖြင့် စာရိုက်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ရှောင်ရှားကြရန် တိုက်တွန်းချင်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။